နာမည်ကျော်မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း) တစ်ယောက် ခင်ပွန်း ဖြစ်သူကို အချစ်စမ်းနေပါတယ်။ သဲသောင်ပြင်ပေါ်မှာ ခင်ပွန်းဖြစ်သူက သူမကိုကျောပိုးထား တဲ့ ပုံရိပ်လေးတွေက ကြည်နူးဖို့ကောင်းလွန်းပါတယ် ပရိတ်သတ်ကြီးရေ။ သူမဟာအောင်မြင် တဲ့ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်ပြီး ခင်ပွန်းဖြစ်သူနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ နှစ် ယောက်တစ်ဘဝလေးကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူက ကလေးချစ် တတ်ပေမယ့် သူမကတော့ ကလေးတွေကို သိပ်မချစ်တတ်ဘူးလို့ဆိုပါတယ်။ သူမအပေါ်ကို အချစ်လျော့သွားမှာလည်းဆိုးတာကြောင့် ကလေးယူဖြစ်မှာမဟုတ်ဘူးလို့ဆိုပါတယ်။

သူမဟာ မကြာခင်မှာလိင်ပြောင်းခွဲစိတ်မှုပြုလုပ်တော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။ နှစ်ယောက်သား ကမ်းခြေမှာကြည်နူးပျော်ပါးနေတဲ့ ပုံရိပ်လေးတွေက ကြည်နူးစရာကောင်း လှပါတယ်။ ခင်ပွန်းဖြစ်သူကို ကျောပိုးခိုင်းပြီး သူမက ကလေးလေးတစ်ယောက်လို ခိုစီးကာ ပျော်နေတဲ့ သုသုရဲ့ပုံရိပ် လေးက ချစ်စရာကောင်းလှပါတယ် ပရိတ်သတ်ကြီးရေ။ ခင်ပွန်း ဖြစ်သူဟာလည်း ဒီဇိုင်နာသင်တန်းကိုဖွင့်လှစ်ထားပြီး အလှပဆုံးအင်္ကျ ီလေးတွေကို ချုပ် လုပ်ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ သူမတို့ နှစ်ယောက် ရွှေလက်တွဲခဲ့တဲ့သက်တမ်းဟာ နှစ်နှစ်ကျော်လောက်ရှိနေပြီပဲဖြစ်ပါတယ်။ အခုချိန်ထိ သာယာတဲ့ဘဝလေးကိုဖန်တီးနိုင် တဲ့ သုသုတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ အချစ်ခရီးလမ်းလေးက အားကျစရာကောင်းလှပါ တယ်။

သုသုက သူမရဲ့ Facebook မှာ သုသု ကုန်းပိုး ပေးပါဆိုပြီး ဂျီကျလိုသာပိုးရတယ် ကိုကြီး တော့မသက်သာဘူးဆိုတာသိပါတယ် တခါတလေသုသုက ကလေးထက်ဆိုးတယ် သိလား အမြဲတမ်းအနိုင်ကျင့်မှာနော် ဒါဗြဲ ဆိုပြီး ဆိုးနွဲ့နွဲ့ပုံစံစာလေးနဲ့ နှစ်ဦးသား ကြည်ကြည်နူးနူး ကျောပိုးစီးနေတဲ့ပုံရိပ်လေးတွေကို တင်ထားတာပဲဖြစ်ပါတယ်။ ကမ်းခြေမှာ သုသုတို့နှစ် ယောက် ရိုနေလိုက်ပုံကတော့ အားကျစရာကြီးနော်။ ဘယ်လိုတွေ ရိုပြီးချစ်စရာကောင်းနေ လည်းဆိုတာ ပရိတ်သတ်ကြီးကို ပုံနှင့်တကွ သက်သေပြလိုက်ပြီနော်။

Photo – Nyi Nyi Maung’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။