ဇန်နဝါရီအပြောင်းအရွှေ့ကာလ ရောက်ရှိဖို့နီးတာနဲ့ အမျှ ကစားသမားအပြောင်းအရွှေ့တွေကလည်း လှုပ်ခက်လာတာလည်းဖြစ်ပါတယ်။လက်ရှိကစားနေတဲ့ အသင်းတွေမှာ ပုံမှန်နေရာ ရဖို့ ရုန်းကန်နေရတဲ့ ကစားသမားတွေဟာ အသင်းပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြတာလည်းဖြစ်ပါတယ်။ပုံမှန်နေရာရဖို့ ရုန်းကန်နေရတာဟာ နိုင်ငံလက်ရွေးစင်အသင်းမှာ ထိခိုက်လာနိုင်တာကြောင့် အသင်းပြောင်းဖို့စိတ်ကူးတွေရှိလာကြတာလည်းဖြစ်ပါတယ်။

၁ ဘတ်ရှုအာရီ (ချဲလ်ဆီး)

မိုရာတာရဲ့ နောက်မှာသာ ပွဲထွက်ခွင့်ရရှိနေခဲ့တာကြောင့် ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ အသင်းပြောင်းဖို့ရှိနေတယ်လို့ ထင်ကြေးပေးခံထားရတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

၂ စတာရစ် (လီဗာပူလ်း)

ဖာမီနို၊ မာနေး၊ ကော်တင်ဟို၊ ဆာလက်တို့ရဲ့ နောက်မှသာ ကစားခွင့်ရရှိနေတာကြောင့် အသင်းပြောင်းရွှေ့ဖို့ရှိနေတာလည်းဖြစ်ပါတယ်။

၃ ဝီရှိုင်းယား (အာဆင်နယ်)

ကွင်းလယ်မှာ အိုဇေးလ်၊ ရမ်ဆေး၊ ဇာခါ တို့ကိုသာ ပွဲထွက်ခွင့်ပေးနေတာကြောင့် အသင်းကနေထွက်ခွာဖို့ စဉ်းစားနေတဲ့သူလည်းဖြစ်ပါတယ်။

၄ လုရှော (မန်ယူ)

မော်ရင်ဟိုရဲ့ လက်အောက်မှာ ပုံမှန်နေရာရဖို့ရုန်းကန်နေရတာကြောင့် အသင်းပြောင်းရွှေ့နိုင်တယ်လို့ ထင်ကြေးပေးခံရတဲ့ သူလည်းဖြစ်ပါတယ်။ 

၅. ဒရက်ဇလာ (PSG )

PSG အသင်းမှာနေရာရဖို့ရုန်းကန်နေရတဲ့တာကြောင့် ပရီးမီးယားလိဂ်ကို ခြေချဖို့ စဉ်းစားနေတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

၆ ဒန်နီရို့စ် (စပါး)

မန်ယူအသင်းကနေ ခေါ်ယူဖို့ ရှိနေတာကြောင့် အသင်း အသင်းကနေထွက်ခွာနိုင်တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

၇ ဂျီရော့ (အာဆင်နယ်)

လာကာဇတ်ရဲ့နောက်မှသာ ပွဲထွက်ခွင့်ရရှိနေတဲ့ ဂျီရော့ကိုတော့ အသင်းအများစုက ခေါ်ယူရန်စောင့်ကြည့်နေတာကြောင့် အသင်းပြောင်းရွှေ့နိုင်တယ်လို့ ထင်ကြေးပေးခံထားရတာလည်းဖြစ်ပါတယ်။

၈ မီးရားလက် (အဲဗာတန်)

အဲဗာတန်အသင်းမှာ ပွဲထွက်ခွင့်ဆုံးရှုံးနေတာဖြစ်ပြီး လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့ထိခိုက်လာနိုင်တာကြောင့် အသင်းပြောင်းရွှေ့လိုနေတာလည်းဖြစ်ပါတယ်။

၉ ပတ်စ်တိုရီ (PSG)

ဒရက်ဇလာ ကဲ့သို့ နေရာရဖို့ရုန်းကန်နေရတာကြောင့် အသင်းကနေထွက်ဖို့ ပြင်ဆင်နေတဲ့သူလည်းဖြစ်ပါတယ်။

၁၀ အယ်ကာဆာ (ဘာစီလိုနာ)

ဘာစီလိုနာအသင်းမှာ နေရာရဖို့ရုန်းကန်နေတဲ့ အယ်ကာဆာ ကတော့ အသင်းမှာမပျော်ရွင်တာကြောင့် အသင်းကနေထွက်ခွာဖို့ စဉ်းစားနေတဲ့သူလည်းဖြစ်ပါတယ်။

source - daily mail sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။