ကလေးတို ့ရဲ့အချစ်တော်မစ်ကီမောက်လေးရဲ့ပိုင်ရှင်

ဝေါ ့ဒစ္စနေကုမ္ပဏီဟာဖျော်ဖြေရေးကုမ္ပဏီကြီးဖြစ်တဲ့

၂၁ ရာစု မြေခွေး ကုမ္ပဏီ(21 st Century Fox)ကိုဝယ်ယူလိုက်ပါတယ်။

လော ့အိန်ဂ ျလိမြို ့ကဝေါ့ဒစ္စနေကုမ္ပဏီရဲ့CEOဘော့ပ်အီဂါရဲ့

စပျစ်ခြံလေးထဲမှာပြီးဆုံးသွားခဲ့တဲ့စီးပွားရေးဝယ်ရောင်း

ဖြစ်စဉ်ဟာအမေရိကန်ဒေါ်လာ၅၂.၄ဘီလီယံတန်ကြေးရှိပါတယ်။

ကမ္ဘာကြီးတစ်ခုလုံးတုန်လှှုပ်သွားစေတဲ့အဆိုပါအရောင်းအဝယ်

ကိစ္စဟာ၂၁ ရာစု မြေခွေး ကုမ္ပဏီပိုင်ရှင်ရူးပတ်မားဒေါ့ရဲ့

မီဒီယာအင်ပါယာကြီးကိုချုပ်ငြိမ်းသွားစေခဲ့ပါတယ်။မြေးခွေးကိုဝယ်လိုက်တဲ့

ကြွက်ကလေးပေါ့။

ဝေါ့ဒစ္စနေရဲ့အဆိုပါခြေလှမ်းဟာ Netflix ၊Amazonတို ့လို အင်တာနက်တွေ၊

TVအစီအစဉ်တွေမှာအသာရနေတဲ့ကုမ္ပဏီတွေကိုအမှီလိုက်ချင်လို ့ပဲဖြစ်ပါတယ်။

ဝေါ ့ဒစ္စနေကုမ္ပဏီဟာ၂၁ ရာစု မြေခွေး ကုမ္ပဏီကိုဝယ်ယူလိုက်ခြင်းကြောင့်

င်္FOXရဲ့ရုပ်သံလိုင်းတွေဖြစ်တဲ့Fox News Channel, Fox Business Network, Fox sports channels FS1, FS2 နဲ့

the Big Ten Networkတို့ကိုလွှဲပြောင်းရယူသွားမှာပါ။ဒါ့အပြင်Fox ကထုတ်လုပ်နေတဲ့

Avatar တို့လိုဇာတ်ကားတွေရိုက်ကူးမှှုတွေကိုလည်းလွှဲပြောင်းရယူသွားမှာပါ။

ပရိသတ်တွေကတော့ပိုမိုကြီးမားကျယ်ပြန်တဲ့ဝေါ့ဒစ္စနေကိုမကြာခင်တွေ ့မြင်ကြရတော့မှာပါ။

ဝေါ့ဒစ္စနေကုမ္ပဏီရဲ့CEOဘော့ပ်အီဂါကတော့Foxဆီကနေသူဝယ်ယူခဲ့တဲ့

အရာတွေအတွက်သဘောကျမိတယ်လို့ဆိုပါတယ်။ဝေါ့ဒစ္စနေဟာ

င်္Foxရဲ့Prooduts တွေနဲ့အတူမကြာခင်မှာအဆမတန်ကြီးမားတဲ့

ကုမ္ပဏီကြီးတစ်ခုဖြစ်လာတော့မယ်ဆိုတာတော ့မြေကြီးလက်ခတ်မလွဲပါပဲ။

ဒါပေမယ့်Net Flixတို ့လိုကုမ္ပဏီတွေကတော ့အင်အားကြီးတဲ့

ပြိုင်ဘက်တစ်ဦးကိုရင်ဆိုင်လိုက်ရတာပါပဲ။မစ်ကီမောက်

ကြွက်ကလေးဘယ်လောက်ပြေးနိုင်မလဲဆိုတာတော ့....

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။