နောင်ရိုဟွီလေးကို တရုတ်နိုင်ငံ ဂွန်ရှိနယ်မြို့လေးမှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးစကတည်းက သာမန်ကလေးတွေထက် ထူးခြားတဲ့မျက်ဝန်း တစ်စုံပါ၀င်လာခဲ့ပါတယ်။ နောင်ရိုဟွီလေးဟာ မွေးကင်းစအရွယ်မှာပင် သူ့ရဲ့မျက်ဝန်းတစ်စုံလုံးဟာ အပြာရောင်ဖြစ်နေခဲ့တာကို သတိထားမိခဲ့ကြပါတယ်။ ရိုဟွီလေးအရွယ်ရောက်လာတဲ့အခါမှာတော့ နေ့ခင်းပိုင်း နေရောင်ခြည်ထိုးတဲ့အချိန်မှာ သူ့ရဲ့မျက်စိတွေဟာ အလွန်ကျိန််းတဲ့ ဒဏ်ကို ခံစားရပါတယ်။

အဆိုပါလက္ခဏာကို သူ့ရဲ့မိဘတွေက မျက်စိဆရာဝန်အမျိုးမျိုးနဲ့ စမ်းသပ်ပြခဲ့သော်လည်း ရလဒ်ကတော့ မထူးခဲ့ပါဘူး။သူ့မျက်လုံးလေးတွေကို စမ်းသပ်ကြည့်တဲ့အခါ ထူးဆန်းစွာ အပြာရောင်တောက်နေတာကို တွေ့ခဲ့ရပြီး ကြောင်တွေရဲ့မျက်လုံးနဲ့တူလှပါတယ်။ ပိုပြီးအံ့သြစရာကောင်းတာက ရိုဟွီလေးရဲ့ မျက်လုံးတွေဟာ ညဖက်မှာ ကောင်းစွာမြင်နေနိုင်တာပါပဲ။ အဆိုပါသတင်းဟာ တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားပြီး သိပ္ပံပညာရှင်များကလည်း စိတ်ဝင်စားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သိပ္ပံပညာရှင်များဟာ ရိုဟွီလေးရဲ့ ထူးဆန်းတဲ့ မျက်လုံးကို လာရောက်စမ်းသပ်ခဲ့ကြပါတယ်။ ပထမဦးဆုံး စမ်းသပ်တာကတော့ ရိုဟွီလေးကို အမှောင်ထဲမှာ ဖဲချပ်တွေကိုဖတ်ခိုင်းစေခဲ့ပါတယ်။ ရိုဟွီလေးဟာ အဆိုပါ ဖဲချပ်လေးတွေကို တစ်ခုမကျန် မှန်အောင်ပြောပြနိုင်ခဲ့သဖြင့် နောက်ထပ် စမ်းသပ်မှုတချို့ကိုပြုလုပ်ခဲ့ပါတယ်။ ထိုစမ်းသပ်ချက်မှာတော့ အမှောင်ထဲမှာ သချာင်္ပုစ္ဆာတွေကို တွက်ခိုင်းစေပါတယ်။ ဒီတစ်ကြိမ်မှာလည်း ထူးဆန်းလောက်အောင် ရိုဟွီလေးဟာ အေးအေးဆေးဆေးဖြေပြခဲ့ပါတယ်။ ယခုလိုထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ ရိုဟွီလေးကို တရုတ်နိုင်ငံမှာတော့ ကြောင်ကလေးလို့ခေါ်ကြပါတယ်..ပရိသတ်ကြီးရေ..။

Source : Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။