လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့ကတော့ ကရင်နှစ်သစ်ကူး နေ့တစ်နေ့ပဲဖြစ်ပါတယ်။ ထိုနေ့တွင် ကရင်အမျိုးသားနှစ်သစ်ကူး ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရပါတယ်။ အဆိုပါလက်ဝှေ့ပွဲကြီးကို ရန်ကုန်တိုင်း အင်းစိန်မီးရထားဘောလုံးကွင်းတွင် ကျင်းပသွားမှာဖြစ်ပါတယ်။ 

ကရင်ရိုးရာ လက်ဝှေ့ပွဲကြီးကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် မတူညီသောပုံစံမျိုးဖြင့် ပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါပွဲရဲ တွဲဆိုင်းများကတော့ စောအယ်လေးနှင့် ထွန်းနိုင်ဦး၊ စောမူတော်ဂေးနှင့် ရဲသွေးအောင်၊ စောဖိုးထွန်းနှင့် အဖိုးသွေး တို့ဖြစ်ပြီး အထူးပွဲကြီးကတော့ ရှောင်(ခ) စောတင်းပုတ်နှင့် ဇော်ဇော် တို့ပဲဖြစ်ပါတယ်။ ထိုပွဲစဉ်များကို မွန်းလွဲ (၂)နာရီမှာကျင်းပမှာဖြစ်ပါတယ်။ 

ကြားပွဲအစီအစဉ်များလည်းရှိပြီး နံနက် (၁၀)နာရီမှစတင်၍ တွဲဆိုင်းများဖြင့် စတင်သွားမှာဖြစ်ပါတယ်။ကြားပွဲများကို မည်သူမဆို ပါဝင်ထိုးသတ်နိုင်ပါတယ်။ ရိုးရာလက်ဝှေ့ချစ်ပရိသတ်များအတွက် ပွဲကောင်းများပါဝင်တဲ့ ဒီဇင်ဘာ(၁၇) ရက်နေ့အကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်။

Source - Thet Khaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။