မန်ယူအသင်းဟာ သူတို့အသင်းရဲ့ ကွင်းလယ်ကစားသမား အမ်ခီတာရန်ကို ရောင်းထုတ်သွားဖို့ရှိနေတယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ဒါ့အပြင် အမ်ခီတာရန်ကို ရောင်းထုတ်ပြီး အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား အိုဇေလ်းကို ပြန်လည်ခေါ်ယူသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းနဲ့ စာချူပ်သက်တမ်းဟာ ယခုနှစ်ဘောလုံးရာသီကုန်ရင် စာချူပ်သက်တမ်းပြည့်မှာလည်းဖြစ်ပါတယ်။ဒါ့ကြောင့်မန်ယူအသင်းဟာ ဆောင်းရာသီအပြောင်းအရွှေ့မှာ အိုဇေလ်းကို မခေါ်ယူနိုင်ခဲ့ပါက နွေရာသီအပြောင်းအရွှေ့မှာ အလွတ်ခေါ်ယူမှု ပြုလုပ်သွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။

အိုဇေလ်းကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းနဲ့ မန်ယူအသင်း တို့ဟာ အပြိုင်စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။အိုဇေလ်းကတော့ မန်ယူအသင်းကိုပြောင်းရွှေ့ဖို့ ပိုအလေးသာနေတာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းမှာ အတူလက်တွဲခဲ့တဲ့ ဆရာဟောင်း မော်ရင်ဟို နဲ့ ပြန်လည်လက်တွဲချင်နေတာလည်းဖြစ်ပါတယ်။မော်ရင်ဟိုကလည်း အိုဇေလ်းကိုခေါ်ယူဖို့ အလိုရှိနေတာလည်းဖြစ်ပါတယ်။

ဒါကြောင့် ကွင်းလယ်မှာ ကစားပေါက်တူညီနေတဲ့ အမ်ခီတာရန် ကို ရောင်းထုတ်သွားဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ အိုဇေလ်းကို စာချူပ်သစ်ချူပ်ဆိုဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားခဲ့ပေမဲ့ ကစားသမားက တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း ထိလိုချင်နေတာကြောင့် စာချုပ်သစ်ဟာ ပျက်ပြယ်ဖို့ရှိနေတာလည်းဖြစ်ပါတယ်။အပြောင်းအရွှေ့ကာလမှာ အိုဇေလ်းကို မန်ယူအသင်းမှာ မြင်တွေ့ရတော့မှာလားဆိုတာတော့ စောင့်ကြည့်ရမယ်ဗျာ။

source - daily mail sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။