အိမ်အကူမိန်းကလေးနှစ်ယောက်ကို ညင်းပန်းနိုပ်စက်ခဲ့တဲ့အမှုကတော့ ပြည်သူတွေ သိနှင့်ထားပြီးသား ဖြစ်မှာပါ။ ကျောက်တံတားမြို့ရှိ အင်းဝအပ်ချုပ်ဆိုင်မှာ ထိုကဲ့သို့ ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေအနေဖြင့် အိမ်အကူမိန်းကလေး၂ဦးကို ရက်စက်စွာနိုပ်စက်ခဲ့ပါတယ်။ ထို့ကြောင့် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေအား အိမ်အကူ မိန်းကလေးငယ်နှစ်ဦးကို ညှင်းပန်းနှိပ်စက်မှုဖြင့် ကျောက်တံတားမြို့နယ် ရဲစခန်းက (ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်ထားခဲ့ပါတယ်။  

ယခုအခါမှာတော့ အိမ်အကူ နှစ်ဦးအပေါ် ညှင်းပန်းနှိပ်စက်မှု နဲ့ တရားရင်ဆိုင်နေရတဲ့ အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင် ခြောက်ဦးရဲ့ အမှုကို ဒီကနေ့မှာအပြီးသတ်အမိန့်ချလိုက်ပါတယ်။ အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်တွေဖြစ်တဲ့ ဒေါ်တင်သူဇာ နဲ့သမီး စုမွန်လတ်ကို ထောင်ဒဏ် ၁၆ နှစ်စီ ၊ သားဖြစ်သူ ရာဇာထွန်း ကို ထောင်ဒဏ် ၁၃ နှစ် ၊ သမက်ဖြစ်သူ တင်မင်းလတ် ကို ထောင်ဒဏ် ၉ နှစ် ချမှတ်လိုက်တာပါပဲဖြစ်ပါ တယ်။ တရားစွဲဆို ခံရတဲ့ မိသားစုဝင်ခြောက်ဦးအနက် သမီးကြီးဖြစ်သူ သီရိလတ်နဲ့ ဆိုင်ရှင် ရဲ့ခင်ပွန်း ဦးကိုလတ်ကိုတော့ စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ စီရင်ဖို့ မသင့်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လို့ အမှုမှ ကွင်းလုံးကျွတ် လွှတ်ပေးခဲ့ပါတယ်။

အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်အမျိုးသမီး၊ သူရဲ့သမီးငယ်၊ သားဖြစ်သူ နဲ့ သမက်ဖြစ်သူတွေဟာ ကလေး သူငယ် ဆိုင်ရာ ဥပဒေ၊ လူကုန်ကူးမှုတားဆီ ကာကွယ်ရေးဥပဒေ၊ အပြင်းအထန်နာကျင်စေမှုနဲ့ ချုပ်နှောင်ထားမှု တွေ အတွက် ရာဇသတ်ကြီးဥပဒေ တွေနဲ့ စွဲချက် တင်ခံခဲ့ရတာပါ။ သမီးကြီးဖြစ်သူနဲ့ အပ်ချုပ်ဆိုင်ပိုင်ရှင်ရဲ့ ခင်ပွန်းကိုတော့ လူကုန်ကူးမှုမှာ အားပေးအားမြှောက်ပြုမှု ၊ ပူး ပေါင်းကြံစည်မှု၊ အပြင်းအထန်နာကျင်စေမှုမှာ အားပေးအားမြှောက်ပြုမှုနဲ့ ပူးပေါင်းကြံစည်မှု ပုဒ်မ တွေနဲ့ စွဲချက်တင်ထားတာဖြစ်ပါတယ်။ ဒီအမှုကို စစ်ဆေးနေတာ တစ်နှစ်ကျော်ပြီဖြစ်ပြီး ဒီဇင်ဘာလ ၁၅ ရက်မှာတော့ အပြီးသတ် အမိန့်ချလိုက် တာဖြစ်ပါတယ်။

Source – 7 Days News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။