လူတွေဟာ မွေးဖွားလာခဲ့ပြီးနောက် ကိုယ်လက်အင်္ဂါအပြည့်အစုံနဲ့ အချိုးကျတဲ့ ပုံစံကို ရရှိလိုချင်ကြပါတယ်။ခုနောက်ပိုင်းမှာတော့ ကိုယ်လိုချင်တဲ့ပုံစံမျိုး ရရှိအောင် ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်လာခဲ့ပြီလည်းဖြစ်ပါတယ်။သို့သော် လူတိုင်းက အပြစ်အနာဆာမရှိတဲ့ သဘာဝပုံစံကိုသာ ပိုမို လိုချင်တက်မက် ကြပါတယ်။တချို့တွေကတော့ အဲ့လိုပုံစံလိုချင်ကြပေမဲ့ မတူညီတဲ့ ပုံစံမျိုးတွေနဲ့ မွေးဖွားလာကြသူတွေလည်းရှိပါတယ်။ထူးဆန်းစွာ ကိုယ်လက်အင်္ဂါအစိတ်အပိုင်း အပိုတွေနဲ့ မွေးဖွားလာသူအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဦးခေါင်းအပိုပါသူ

အီဂျစ်မှာမွေးဖွားခဲ့တဲ့ Manar ဆိုသူ ကလေးငယ်လေးကတော့ ထူးဆန်းစွာပဲ သူမရဲ့ဦးခေါင်းထက်မှာ နောက်ထပ်ဦးခေါင်းပို တစ်ခု မွေးဖွားလာခဲ့ပါတယ်။ အခုတော့ ခွဲစိတ်မူအောင်မြင်ခဲ့ပြီလို့လဲသိရပါတယ်။

ခြေထောက်ရှစ်ခြောင်းနဲ့မိန်းကလေး….

တင်းပါးအောက်ကနေထပ်ထွက်နေတဲ့ခြေထောက်အပိုရှစ်ချောင်းနဲ့သူမကို မွေးဖွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ခက်ခဲတဲ့ခွဲစိတ်မူ တစ်ခုပြုလုပ်ခဲ့တယ်လို့လဲသိရပါတယ်။

ကိုယ်တစ်ပိုင်းအပို

အိန္ဒိယ ကလေးငယ်တစ်ယောက်ဟာ သူရဲ့ ကိုယ်ခန္တာ မှာပဲနောက်ထပ် ကိုယ်တစ်ပိုင်းတစ်ခု နဲ့မွေးဖွားလာခဲ့ပါတယ်။ အခုတော့ခွဲစိတ်မူအောင်မြင်ခဲ့ပါပြီ။

မျက်နှာနှစ်ခုပါတဲ့ကလေးငယ်

တရုတ်နိုင်ငံက ကလေးငယ်တစ်ယောက်မှာ မျက်နှာအပိုတစ်ခုနဲ့မွေးဖွားခဲ့ပါတယ်။ ဖြစ်တောင့်ဖြစ်ခဲ့ ပါပဲ။

လက်ချောင်းခြေချောင်းအပိုများ

တရုတ်နိုင်ငံက Hong Hong ဆိုသူ ကလေးငယ် လေးမှာ ခြေချောင်း ရှစ်ချောင်း စီပါရှိပြီး လက်မှာတော့ လက်မ မ၇ှိဘဲမွေးဖွားခဲ့ပါတယ်။

Ganga နဲ့ Jamuna ညီအစ်မနှစ်ယောက်ဟာ ခြေသုံးချောင်း၊ လက်တစ်ဖက်စီ ပါရှိနေတဲ့အမွာဖြစ်ပြီး သူတို့ရဲ့ကောင်လေးကလဲ နှစ်ယောက်လုံးကို ချစ်ပါတယ်တဲ့။ 

ဦးချိုနဲ့အမျိုးသမီး

လင်းလောင်ရွာက အဘွား ဇန်ရုဖန် ဟာ ၂၀၀၉ ခုနှစ်မှာ စပြီးထူးဆန်းတဲ့ဦးချို ပေါက်လာပါတယ်။ သူမကို “Goat Women” လို့လူသိများကြပါတယ်။

မလိင်အင်္ဂါနှစ်ခုနဲ့အမျိုးသမီး

Cassandra Bankson ကတော့ follower ၇၅၀ ၀၀၀ ရှိနေတဲ့ Youtube star တစ်ယောက်ဖြစ်ပါတယ်။ သူမ မှာ မလိင်အင်္ဂါနှစ်ခု ရှိတယ်လို့အသိပေးထားပြီး အဲ့ဒီအခြေနေကို “uterus didelphus” ခေါ်တယ်လို့သိရပါတယ်။

ရင်သားသုံးခုပါသော မိန်းကလေး

Jasmine Tridevil ဆိုသူ မိန်းကလေးကတော့ သူမှာ ရင်သားသုံးခု ပိုင်ဆိုင်တယ်လို့ဆိုပါတယ်။ ခွဲစိတ်ပြုပြင်မူနဲ့ ထိုကဲ့သို့သုံးခုမြောက်ရင်သားကို ထပ်ထည့်ခဲ့တာဖြစ်ပြီး၊ ကြည့်ရတာ အခြားနှစ်ခုကြားမှာ တတိယ တစ်ခုက အထှာကျကျ သေသပ်နေပါတယ်။

source - mingalarbar moning . com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။