ဒီနေ့တော့ အသားအရေနဲ့ ပတ်သတ်တဲ့အကြောင်းအရာတစ်ခု ပြောပြပေးချင်ပါတယ်။ ကိုယ်ရဲ့ အသားအရေဟာ ဘယ်လိုအမျိုးအစားလဲဆိုတာ သိထားမှ ကိုက်ညီတဲ့ Skin Care အမှန် ကိုရွေးချယ်နိုင်မှာပါ။ ဒါမှလည်း ကောင်းမွန်ပြီး ကျန်းမာတဲ့အသားအရေကိုပိုင်ဆိုင် နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါဆိုပျိုမေတို့ရဲ့ အသားအရေက ဘယ်လိုအမျိုးအစားထဲမှာ ပါဝင်လဲ ဆိုတာကို လေ့လာကြည့် ရအောင်။

(၁) ပုံမှန်အသားအရေ

အရေပြားနူးညံချောမွေ့ကာ ချွေးပေါက်များပုံမှန်အတိုင်းရှိခြင်း (ချွေးပေါက်မကျယ်ခြင်း)၊ အစိုဓာတ် ရှိခြင်း၊ မိတ်ကပ်တာရှည်ခံခြင်း။

(၂) အဆီပြန်သောအသားအရေ

နှာခေါင်းနဲ့ပါးပြင်ပေါ်တွင် အဆီများပြန်ခြင်း၊ မိတ်ကပ်များမညီမညာဖြစ်ခြင်း၊ ချွေးပေါက်များ ပုံမှန်ထက် ကျယ်နေခြင်း ၊ မိတ်ကပ်တာရှည်မခံခြင်း။ ဝက်ခြံဖြစ်လွယ်ခြင်း ။

(၃) ခြောက်သွေ့သောအသားအရေ

ခြောက်သွေ့ကာ စိုပြည်မှုမရှိခြင်း၊ အသားပတ်ခြင်း၊ အရည်ပြားအဖတ်များ ဖြစ်ပေါ်ခြင်း၊ ချွေးပေါက်က ျဉ်းခြင်းနှင့် အရေးကြောင်းများဖြစ်လွယ်ခြင်း။ T- Zone များတွင် အဆီပြန်ကာ မိတ်ကပ်များကွက် တက်ခြင်း။

(၄) ထိခိုက်လွယ်သော အသားအရေ

Cosmetic တခုခုပြောင်းသုံးပြီးချိန်တွင် အသားရေနီမြန်းခြင်း၊ ဝက်ခြံများနှင့် အမည်းစက် များ ထွက်ခြင်း၊ ခြောက်သွေ့ခြင်း၊ ဖုန်မှုန့်များကြောင့် ဝက်ခြံများ ဖြစ်လွယ်ခြင်း နှင့် မျက်နှာ အသား အရေပူလောင် တက်ခြင်း ။

ပျိုမေတို့ရေ ဒါဆိုရင်တော့ အသားအရေထိခိုက်ပျက်စီးမှုမရှိအောင် ကိုယ့်အသားအရည်နဲ့ လိုက်ဖက်တဲ့ Cosmetic များကို ရွေးချယ်ရအောင်နော် ။

Source - အလှအပရေးရာ အသိကြွယ်စေဖို့

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။