တနင်္ဂနွေနေ့ မွေးသူများ

အိုးအိမ်ကိစ္စအတွက် စိတ်ပင်ပန်းရမည်။ အိမ်ရှိ စက်ပစ္စည်းများ တစ်မျိုးပြီးတစ်မျိုး ပျက်စီးတတ်သည်။ လျှပ်စစ်ပစ္စည်း တစ်စုံတစ်ရာဝယ်ယူပါ က ထိုနေ့တွင်ပင် အိမ်တွင်းရေးပဋိပက္ခ တစ်မျိုးမဟုတ်တစ်မျိုး ကြုံမည်။ လက်စွပ်မှ ကျောက်ထွက်တတ်သည်။ အိမ်ရှိ ဝါးနှင့် ပြုလုပ်ထားသော ပစ္စည်းဟောင်းများ၊ ယပ်တောင်ဟောင်းများ စွန့်ပစ်ပါ။

ယတြာ ။ ။ တနင်္ဂနွေနေ့တွင် ကြာပန်းပွင့် ဘုရားကပ်လှူပါ။

တနင်္လာနေ့ မွေးသူများ

အရာရာ သတိနှင့်ယှဉ်ပြီး လုပ်ကိုင်ရပေမည်။ ငွေကြေးကိစ္စ၊ စာရွက် စာတမ်းကိစ္စအတွက် စကားပြောဆိုမှုများ အောင်မြင်မည်။ တနင်္လာနံ ခြံ၊ ကား၊ ကျောက် (က၊ခ၊ဂ၊ဃ၊င) စသော လုပ်ငန်းစီးပွားများမှ ကောင်းသော အကျိုးဆက်များ ရရှိမည်။ မျှော်လင့်ထားသည်ထက် ပိုသာသော် ငွေဝင် လမ်းပွင့်မည်။ အလုပ်ရှာဖွေသောသူများအဖို့ ထူးထူးခြားခြားရှားပါးသော အလုပ်ကို ရရှိခြင်းကြံုမည်။

ယတြာ ။ ။ တနင်္လာနေ့တွင် ကြာဆံကြော် ဒါနပြုပါ။

အင်္ဂါနေ့ မွေးသူများ

ထူးခြားသော အလှူမင်္ဂလာကိစ္စများ ကြံုတွေ့ရမည်။ ထူးခြားသော အလှူမင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရမည်။ မြင့်မြတ်သော နေရာသို့ ရောက်မည်။ ပုဂ္ဂိုလ်ထူးများနှင့် တွေ့တတ်သည်။ ဝမ်းဗိုက် မကြာခဏ ဒုက္ခပေးမည်။ ဦးခေါင်း မကြာခဏ ကိုက်ခဲ မည်။ ရင်ဘတ်အောင့်ခြင်း၊ ဝမ်းပျက်ဝမ်းသွားခြင်းများ ဖြစ်တတ်သည်။ သတိရှိပါ။ တစ်ပါးသူမြေဝယ်ရာတွင် သက်သေမလိုက်ရ။

ယတြာ ။ ။ အင်္ဂ ါနေ့တွင် ဆန်ကြဲပက်၍ ကြက်၊ ငှက်အစာကျွေးပါ။ 

ဗုဒ္ဓဟူးနေ့ မွေးသူများ

အတိုက်အခံများကို ကျော်လွှားပြီး ကောင်းခြင်း၊ တိုးတက်ခြင်းဘက် ဦးတည်မည်။ အထောက်အကူပြုသူများနှင့် တွေ့မည်။ မည်သည့်ကိစ္စကို ဆောင်ရွက်သည်ဖြစ်စေ အစပိုင်းတွင် ခက်ခဲမည်။ မဖြစ်မနေဆောင်ရွက်မှုကြောင့် အဆုံးပိုင်းတွင် အောင်မြင်မည်။ အခွင့်အလမ်းများနှင့် ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းရမည်။

ယတြာ ။ ။ ဗုဒ္ဓဟူးနေ့တွင် လမုန့် ဆွမ်းတော်တင်ပါ။

ရာဟု (ဗုဒ္ဓဟူးမွန်းလွဲ) မွေးသူများ

မိမိထံသို့ ယာဉ်၊ ရွှေအစရှိသည်များ လာရောက်ပေါင်နှံက လက်မခံပါ နှင့်။ ပြဿနာဖြစ်တတ်သည်။ ကြာသပတေးနံနှင့်ပတ်သက်သော ပြဿနာ အနှောင့်အယှက်များ ဖြစ်တတ်ပေရာ မြေဝယ်ခြင်း၊ ပဲလှောင်ခြင်း မပြုရ။ ဘောလုံးပွဲ၊ ဖဲ၊ ဘိလိယက်၊ ဘီယာ၊ မိန်းမအစရှိသည်များတွင် ဝင်ရောက် ငြိတွယ်ခြင်း မဖြစ်အောင် ရှောင်ပါ။

ယတြာ ။ ။ ဗုဒ္ဓဟူးမွန်းလွဲပိုင်းတွင် ရေတော်ငါးခွက် ဘုရားကပ်လှူပါ။

ကြာသပတေးနေ့ မွေးသူများ

အလုပ်အကြံအစည်များ အကောင်အထည်ဖော် အောင်မြင်မည်။ ခြေ၊လက်တို့တွင် မတော်တဆထိခိုက်တတ်သည်။ အမည်အတွင်း က၊ ခ၊သ၊ဟ ပါသောသူများနှင့် တွဲဖက်၍ အလုပ်စီးပွားလုပ်ကိုင်ခြင်း မပြုရ။ စီးပွားထိခိုက်တတ်သည်။ ခြံ၊ကား၊ကျောက် အရောင်းအဝယ်၊ အလဲအလှယ်ကိစ္စများ၊ငွေကြေးကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းမရှိအောင်နေပါ။ 

သောကြာနေ့ မွေးသူများ

ငွေကြေးကိစ္စများ သတိနှင့်ဆောင်ရွက်ပါ။ ငွေချေးခြင်း၊ တာဝန်ယူခြင်း၊ အာမခံခြင်းများ မပြုသင့်။ ဤကာလအတွင်း မငြိမ်မသက် ဖြစ်နေမည်။ စိတ်ပျံ့လွင့်လွယ်မည်။ မိမိကိုယ်ကိုမိမိ အထီးကျန်သဖွယ်ခံစားရပြီးအားငယ်သယောင် ဖြစ်နေမည်။အိမ်တွင်လည်း မနေလို၊ လုပ်သမျှကိစ္စတွင် လည်း စိတ်မဝင်စားသလို ဖြစ်နေမည်။

ယတြာ ။ ။ သောကြာနေ့တွင် ထောပတ်ဖျော်ရည် ဒါနပြုပါ။

စနေနေ့ မွေးသူများ

ကောင်းသောအကျိုးဆက်များနှင့် တိုးတက်မှုများ ရရှိမည်။ လူမျိုးကွဲ အကျိုးပေးမည်။ အရပ်ဝေးနှင့်ဆက်သွယ်၍ အောင်မြင်မှုများ ရရှိမည်။ ရန် အတိုက်အခံနှင့်ယှဉ်ပြီး အလုပ်လုပ်ရမည်။ အမှုပြဿနာများ အလိုအလျောက် မိမိထံ ပတ်သက်ဝင်ရောက်လာတတ်သည်။ ဖြေရှင်းစရာများ တစ်ခုပြီးတစ်ခု ကြံုမည်။

ယတြာ ။ ။ စနေနေ့တွင် နွားနို့ဒါနပြုပါ။

ချမ်းမြေ့မေတ္တာတုံ့ပြန်ပါသည်။

source - စံဇာဏီဘို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။