တရုတ်နိုင်ငံက ငရုပ်သီးစားပွဲတော်

တရုတ်ပြည်၊ အနောက်တောင်ပိုင်းရှိ

ယူနန်ပြည်နယ် လီကျန်းမြို့မှာ ကျင်းပတဲ့ ငရုပ်သီးစားပြိုင်ပွဲဖြစ်ပါတယ်။ အနိုင်ရရှိတဲ့သူကိုပေးတဲ့ဆုကတော့ လိုချင်စရာပါပဲ

ရွှေငရုပ်သီးလေးပါ။ များသောအားဖြင့် ဒီပြိုင်ပွဲကို စုံတွဲတွေဝင်ရောက် ယှဉ်ပြိုင်လေ့ရှိပြီး အပျော်ဂိမ်းတစ်ခုအဖြစ် ပါဝင်ကစားကြတာတွေ့ရပါတဟ်။

အကယ်၍များ မြန်မာနိုင်ငံမှာ ဒီလိုပြိုင်ပွဲမျိုးကျင်းပ ခဲ့မယ်ဆိုရင်တော့ RS တွေအတွက် စိန်ခေါ်မှုပါပဲ……

ချစ်သူကောင်မလေးက ရွှေငရုပ်သီးလေး ပူဆာတဲ့အခါ

ချစ်သူကောင်လေးက ထိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြိုးစားပေးနိုင်ပါ့မလားဆိုတာကိုတော့ စိတ်ဝင်တစား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ အနိုင်ရရှိသွားသူကတော့ ၂ မိနစ်အတွင်း ငရုပ်သီး ၄၉ တောင့်စားပြီး ရွှေငရုပ်သီးလေးကို အနိုင်ရသွားတာပဲ ဖြစ်ပါတယ်။

Source: Knowledge Bank

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။