ပါးချိုင့်မင်းသမီးလို့ တင်စားခံရတဲ့ ရုပ်ရှင်သရုပ်ဆောင် အေးမြတ်သူ တစ်ယောက် ပရိသတ်တွေကို သူမရဲ့ ပုံလှလှတွေနဲ့ ဖမ်းစားလိုက်ပါတယ်။

ပန်းရောင်အဆင်အပြင်နဲ့ အခန်းလေးထဲမှာ ပန်းရောင်ဝတ်စုံလေးနဲ့ အလှပြင်နေတဲ့ သူမရဲ့ ပုံလေးတွေကို ဖေ့ဘုတ်အကောင့်မှာ တင်ထားပြီး ပရိသတ်တွေကို ဘယ်ကြော်ငြာမှာ ဘယ်နေ့က ရိုက်တာလဲဆိုပြီး မေးခွန်းထုတ်လိုက်တာပါ။

ချစ်စရာကောင်းပြီး စကားပြောရင် ပွင့်လင်းသွက်လက်လွန်းတဲ့ အပြောအဆိုအမူအရာလေးတွေက ပရိသတ်တွေရဲ့ နှလုံးသားကို အရည်ပျော်အောင်လုပ်နေသလိုပါပဲ။

အပျိုကြီး မမ အေးမြတ်သူ တစ်ယောက် ဘယ်လိုပဲနေနေ ပြုံးလိုက်တိုင်းမှာ ပါးချိုင့်လေးခွက်နေအောင် မျက်နှာချိုလွန်းတာကြောင့်လည်း ပြည်သူ့အချစ်တော်တစ်ယောက်အဖြစ် နာမည်ကြီးနေတာဖြစ်ပါတယ်။

အနုပညာလောကထဲကို မော်ဒယ် တစ်ယောက်အနေနဲ့ ခြေချခဲ့တဲ့ သူမဟာ လက်ရှိအချိန်မှာတော့ အထိုက်အလျောက်အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ယောက်ဆိုလည်း မမှားပါဘူး။

ပရဟိတ အလုပ်တွေနဲ့ နိုင်ငံရေးအကျိုးပြုလှုပ်ရှားမှုအချို့မှာပါ သူမကို မပါမဖြစ်တွေ့ရတတ်တာကြောင့် လူချစ်လူခင်များတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။

အချစ်ရေးနဲ့ပတ်သက်ပြီးလည်း စိတ်ချမ်းသာမှုတွေအပြည့်ရနေတဲ့ အေးမြတ်သူကို ဘယ်တော့ မင်္ဂလာသတင်းကြားရမလဲဆိုတာလည်း ပရိသတ်တွေက စိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။

လက်တလောမှာတော့ အေးမြတ်သူရဲ့ ပန်းရောင်ကမ္ဘာထဲကပုံရိပ်လေးတွေက ဘယ်ကြော်ငြာအတွက်ရိုက်ထားတာလဲဆိုတာ ပရိသတ်တွေက သိရင် ဖြေခဲ့ပါဦးနော်။  

Source : AyeMyatThu fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။