နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ ရွှေမှုန်ရတီတစ်ယောက် Oppo ရဲ့ F5 Youth မိတ် ဆက်ပွဲကို တက်ရောက်တဲ့ အလန်းစားဖက်ရှင်ကတော့ သေလို့ရတယ် ပရိတ်သတ်ကြီးရေ။ သူမဟာ ပရိတ်သတ် အားပေးမှု အခိုင်အမာရရှိထားပြီး မြန်မာပြည်ရဲ့ထိပ်တန်းစာရင်းဝင် မင်းသမီးတစ်ဦးလည်း ဖြစ်ပါ တယ်။ ချစ်ဖို့ကောင်းတဲ့ သူမရဲ့ခပ်ချေချေပုံစံလေးတွေကြောင့် ပရိတ်သတ်တွေက အသည်းယားပြီး ပိုမိုအားပေးလာတာပဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာကြောင့် အောင်မြင်တဲ့မင်းသမီးတစ်ဦးအဖြစ် အနုပညာလမ်း ကြောင်းပေါ်မှာ ရပ်တည်နေနိုင်တာပဲ ဖြစ်ပါတယ်။

အနက်ရောင်ရင်ဟိုက်ဂါဝန်ကိုဝတ်ဆင်ထားပြီး အသားရောင်ပန်းပွားပုဝါကို အလှခြုံထားတဲ့ သူမရဲ့ ပုံစံက အများတကာကြားထဲမှာ ထင်းထင်းလင်းလင်းရှိပေါ်လွင်နေပါတယ်။ အနက် ရောင် LV အိတ်ကို ကိုင်ထားပြီး အနက်ရောင်ဒေါက်ဖိနပ်ကိုဆင်မြန်းကာ ခပ်ချေချေမျက်နှာ ပေးလေးက သူမရဲ့အလှကို ပိုမိုပေါ်လွင်စေအောင်ထောက်ပံ့ပေးတဲ့ အရာတွေပါပဲ။ သူမဟာ အဆိုတော် X Box နဲ့လဲ ဓာတ်ပုံ တွဲဖက်ရိုက်ကူးထားပြီး ကြွကြွရွရွလေး လှနေတဲ့သူမရဲ့ ပုံ ရိပ်တွေကို Facebook ပေါ်မှာ တင်ထားတာ ပဲဖြစ်ပါတယ်။

ရွှေမှုန်ရတီရဲ့ အမိုက်စားပုံရိပ်တွေက ပရိတ်သတ်တွေကြွေဆင်းသွားအောင် ခုပဲတင်ဆက် ပေးလိုက် တော့မယ်နော်။ ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ပရိတ်သတ်တွေကိုဖမ်းစားနိုင်ခဲ့ပြီး အခုတစ်ခေါက် အချေဒီဇိုင်းလေးကိုလည်း ပရိတ်သတ်တွေက ပိုမိုချစ်ခင်အားပေးနေကြတာပဲ ဖြစ်ပါတယ်။ သူမရဲ့ အမိုက်စားပွဲတက်ဖက်ရှင်လေးကို ပရိတ်သတ်ကြီးနဲ့ မိတ်ဆက်ပေးလိုက် ပြီနော်။

Photo – Shwe Hmone Yati’s Photo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။