ယခုအဲဗာတန်အသင်းတွင် ကစားနေသော ကစားသမားရွန်းနီကတော့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဂိုးဆုကို ရရှိခဲ့ပါပြီ။ အဲဗာတန်ကစားသမား ရွန်းနီဟာ ယခင် မန်ချက်စတာယူနိုက်တက် အသင်းမှာ ကစားခဲ့ပြီး ယခုနှစ်မှာ အသင်းဟောင်း အဲဗာတန်အသင်းသို့ ပြန်လည် ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အဲဗာတန်အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်နေသေးတဲ့ ရွန်းနီကတော့ အမြဲ သွင်းဂိုးတွေ ရယူပေးနိုင်သူ တစ်ယောက်လည်းဖြစ်ပါတယ်။

အဲဗာတန်အသင်း တိုက်စစ်မှူး ရွန်းနီကို နိုဝင်​ဘာလ အကောင်းဆုံးဂိုးဆုကို ပေးအပ်ခဲ့ပါတယ်။ အဆိုပါဂိုးကို ၀က်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲက ကွင်းလည်မှသွင်းယူခဲ့တဲ့ ဂိုးဖြင့် ရရှိခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ဂျိုးဟတ် ဖြတ်ထုတ်ကာကွယ်လိုက်တဲ့ဘောလုံးဟာ ကွင်းလယ်ကို ကျရောက်ခဲ့ပြီး

ရွန်းနီမှ တိုက်ရိုက်ကန်ခဲ့ပြီး ရရှိခဲ့တာဖြစ်ပါတယ်။

အဲဗာတန်အသင်းကတော့ လက်ရှိအဆင့် ၁၀ မှာ ရပ်တည်နေပြီ အသင်းကြီးများရဲ့ အခတ်တွေနဲ့ယှဉ်ပြိုင်နေရတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။

ရွန်းနီချစ်ပရိသတ်များစွာ ရှိနေပါတယ်။ ယခု နို၀င်​ဘာလ အ​ကောင်​းဆုံးဂိုးဆုရရှိခဲ့​သော အဲဗာတန်​ တိုက်​စစ်​မှူး ရွန်​းနီအတွက်​ ပရိသတ်​များကိုယ်​စား ဂုဏ်​ယူလိုက်​ပါတယ်​။

Source - HH

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။