ယခုရက်ပိုင်းအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အတည်ပြုလိုက်ပါတယ်။ ထိုကိစ္စနှင့်ပတ်သတ်၍ ပါလက်စတိုင်းသမ္မတ မာမွတ်အဘားစ်က အမေရိကန်အနေဖြင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါ၀င်ရန်ကဏ္ဍ မရှိတော့ဟု သတိပေးခဲ့ပါတယ်။ ဂျေရုစလင်အား အစ္စရေး၏မြို့တော်အဖြစ် တရားဝင်အသိအမှတ်ပြုခဲ့သော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဆုံးဖြတ်ချက်ကို တင်းမာသော တုံ့ပြန်မှုဆောင်ရွက်ရန် တူရကီသမ္မတရီဆပ်တေယစ်အာဒို ဂန်က အစ္စတန်ဘူတွင် ကမ္ဘာ၌ အဓိက အစ္စလာမ္မစ်အဖွဲ့ဖြစ်သော အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ အရေးပေါ်အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ 

သို့သော် အစ္စလာမ်နိုင်ငံအချင်းချင်းပင် သဘောကွဲလွဲမှုများ ဖြစ်ပေါ်နေခဲ့ပြီး ယင်းအစည်းအဝေးတွင် အစ္စရေး သို့မဟုတ် အမေရိကန်အား ပြင်းထန်သောပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်အတွက် မည်သည့် သဘောတူညီချက်မျှ မရရှိခဲ့ကြပေ။ သို့ရာတွင် ၎င်းတို့၏ နောက်ဆုံးကြေညာချက်တွင် အရှေ့ဂျေရုစလင်အား ပါလက်စတိုင်း၏မြို့တော်အဖြစ် အသိအမှတ်ပြုခဲ့ပြီး နိုင်ငံအားလုံးအနေဖြင့် ပါလက်စတိုင်းနှင့် အရှေ့ဂျေရုစလင်တို့အား သိမ်းပိုက်ခံထားရသည့် မြို့တော်အဖြစ် အသိအမှတ်ပြုကြရန် တိုက်တွန်းခဲ့ကြောင်းသိရှိရပါတယ်။ ဒါ့အပြင် အမေရိကန် ထရန့်၏ဆုံးဖြတ်ချက်သည် ဥပဒေကြောင်းအရ တရားမဝင်ကြောင်းနှင့် ၎င်း၏ ဆုံးဖြတ်ချက်သည် အစွန်းရောက်မှုနှင့် အကြမ်းဖက်မှုများအား တွန်းအားဖြစ်စေမည်ဖြစ်ပြီး ငြိမ်းချမ်းရေးကြိုးပမ်းမှုအားလုံးကို အားလျော့စေသည့် တမင်ရည်ရွယ်မှုဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြခဲ့ပါတယ်။ 

အမေရိကန်သမ္မတ ထရန့်ကမူ ဂျေရုစလင်အား အစ္စရေး၏ မြို့တော်အဖြစ် အသိအမှတ်ပြုမှုသည် သမိုင်းကြောင်းဆိုင်ရာနှင့် မျက်မှောက်ခေတ်ဆိုင်ရာ လက်တွေ့အခြေအနေကို အသိအမှတ်ပြုခြင်းဟု ရှုမြင်ခဲ့ကြောင်း ၎င်းက ဆိုခဲ့ပါတယ်။ ယခုအခါ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အတည်ပြုလိုက်ပြီးနောက်မှာ အာရပ်နှင့်မွတ်စလင်နိုင်ငံများက ထရမ့်၏ကြေညာချက်ကိုရှုတ်ချခဲ့ပါတယ်။ မူဆလင်နိုင်ငံဖြစ်တဲ့ တူရကီနိုင်ငံ အီစတန်ဘူးလ်မြို့ရှိ အမေရိကန်ကောင် စစ်ဝန်ရုံးအပြင်ဘက်တွင်လည်း ဆန္ဒပြပွဲများပြုလုပ်ခဲ့ကြတာပါ။ ဒါ့အပြင် မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇက်ကလည်း နေရာတိုင်းမှ မွတ်စလင်အားလုံးအား ထရမ့်၏လုပ်ရပ်ကိုဆန့်ကျင်ကြရန် တိုက်တွန်းထားသည်ဟု သိရှိရပါတယ်။ ယခုအခါတွင်လည်း ဥရောပသမ္မဂ္ဂအဖွဲ့ အီးယူကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အတည်ပြုမှုကို မထောက်ခံကြောင်း ကြေညာခဲ့ပါတယ်။

Source – Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။