မြစ်ဆုံ စီမံကိန်းကတော့ မြန်မာနိုင်ငံရှိ ပြည်သူပြည်သားအကုန်လုံးနီးပါးက ရပ်တန့်ပေးဖို့တောင်းဆိုနေတဲ့ စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ယခုအခါမှာလည်း မြစ်ဆုံစီမံကိန်းကိုရပ်ဖို့ မြန်မာနိုင်ငံကက်သလစ်ဂိုဏ်းချုပ်ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ မြစ်ဆုံဆည်စီမံကိန်းရပ်တန့်ရန် ကက်သလစ်ခရစ်ယာန် ဂိုဏ်းချုပ်ဆရာတော်ကာ ဒီနယ်ချားလ်စ်ဘိုက ဒီဇင်ဘာ ၁၄ ရက်က မြစ်ဆုံအနီးမှ တန်ဖရဲ ကျေးရွာဟောင်းရှိ မာရိယကောင်းကင်ဘုံသခင်မ ဘုရားကျောင်းတွင် ဒေသခံကစ်သလစ်ဘာသာဝင်များနှင့် တွေ့ဆုံပြီး သြဝါဒဟောကြားစဉ် မိန့်ကြားခဲ့တာပဲဖြစ်ပါတယ် ။

ကာဒီနယ်ချားဘိုက “ဒီရေကာတာပ ရောဂျက်ကြီးကို မြန်မာပြည်သူတစ်ရပ်လုံးနဲ့ ပတ်သက်နေပြီး တစ်ပြည်လုံးက ဆန္ဒပြထားတဲ့ ဆန္ဒထုတ်ဖော်တဲ့အတိုင်းပဲ ရပ်ရမယ်။ ရပ်သင့်တယ်။ မရပ်ရင်လူမှုရေးအရ စီးပွားရေးအရ ပြဿနာဖြစ်မယ်။ မြန်မာပြည်လည်း ပျက်စီးနိုင်တယ်။ ရေကာတာပေါက်ရင်လည်း အောက်မြန်မာပြည်တစ်ခုလုံး ဒုက္ခရောက်နိုင်တယ်။ ရေမရှိရင်လည်း အောက်ပြည်တွေမှာ ဆက်သွယ်ပို့ဆောင်ရေးတွေကအစ ဒုက္ခရောက်မယ်။ ဒါကြောင့် ဘယ်လောက်ပဲ ရင်းနှီးထားခဲ့ထားခဲ့၊ ဘယ်လောက်ပဲ အရင်းအနှီးလက်ခံခဲ့လက်ခံခဲ့ မလုပ်သင့်တော့ဘူး။ ရပ်သင့်တယ်ဆိုတာကို ခွန်အားရှိသမျှနဲ့ ဆန္ဒထုတ်ဖော်ပြီး ဘုရားသခင်ထံမှာ ဆုတောင်းရမယ်” ဟု မိန့်ကြားခဲ့ပါတယ်။

ကာဒီနယ်ချားဘိုအား ဒေသခံ ကစ်သလစ်ဘာသာဝင်များကိုယ်စား ဒေါ်ဂျာခေါန်က မြစ်ဆုံကိစ္စနှင့်ပတ်သက်ပြီး ဒေသခံများ ဒုက္ခရောက်ခဲ့ပုံကို အသေးစိတ်လျှောက်ထားခဲ့ပြီး နိုင်ငံတော်အကြီးအကဲများနှင့် တွေ့ဆုံခဲ့ပါကလည်း မြစ်ဆုံဆည်စီမံကိန်းကြီး ရပ်ဆိုင်းရန် တောင်းဆိုပြောကြားပေးရန် လျှောက်ထားခဲ့ပါတယ်။ မြစ်ဆုံဆည်စီမံကိန်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်မှာ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ခြောက်နှစ်ပြည်ခဲ့ပြီ ဖြစ်သည်။ ဧရာဝတီ မြစ်ဆုံ၊ မြစ်ညာမြစ်ဝှမ်းရေ အားလျှပ်စစ်စီမံကိန်းများ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ၁၂ ဦးသည် မြစ်ကြီးနားမြို့သို့ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ရောက်ရှိခဲ့ပြီး ၁၆ ရက်တွင် မြစ်ဆုံဒေသနှင့် လုပ်ငန်းခွင်များသို့ ကွင်းဆင်းလေ့လာခဲ့သည်။ ခရီးစဉ်သည် လေးရက်ကြာ ကြာမြင့်ခဲ့ပြီး စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် လူထုနှင့်တွေဆုံခဲ့ပြီး လူထုကကန့်ကွက်ခဲ့ပါတယ်။ မြစ်ဆုံ၊ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ် စစ်စီမံကိန်းများ လေ့လာဆန်းစစ်သုံးသပ် ရေးကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ် ၀န်ကြီးချုပ်ကနောက်ဆုံး အစီရင်ခံစာ မတင်ရသေးကြောင်း ဒီဇင်ဘာ ၁၂ ရက်က ပြောကြားခဲ့ပါတယ်။

Source – Eleven  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။