အင်္ဂလိပ်တို့၏လက်အောက်ခံ ဖြစ်ခဲ့ဘူးသော မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရခဲ့သည်မှာ ၁၉၄၈ခုနှစ်ကည်းကဖြစ်ပါတယ်။ သို့သော် လွတ်လပ်ရေးရယူနိုင်ခဲ့သော်လည်း ပြည်တွင်းစစ်တွေကတော့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နေခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် တပ်မတော်ကြား မကြာခဏဆိုသလို စစ်မက်ဖြစ်နေခဲ့ကြပါတယ်။ ထို့ကြောင့် ငြိမ်းချမ်းရေးရရှိရန် အဘက်ဘက်ကကြိုးပမ်းလျက်ရှိပါတယ်။

ယခုအခါ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးကို ၂၀၁၈ ဇန်နဝါရီ ၂၉ ရက်ကစ၍ ငါးရက်ကြာ ကျင်းပနိုင်ဖွယ်ရှိ ကြောင်း တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ထိုး ရှစ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ် မှူးကြီး ခွန်ဥက္ကာက ပြောကြားခဲ့ပါတယ်။ ‘‘ညီလာခံရက်ကတော့ ဇန်န ဝါရီ နောက်ဆုံးအပတ်လေ။ ဖြစ် နိုင်ခြေရှိတာက ၂၉၊ ၃၀၊ ၃၁ ပေါ့။နောက်ပြီးတော့ ဖေဖော်ဝါရီ ၁ ရက်၊ ၂ ရက်ပေါ့’’ဟု ပအိုဝ်းအဖွဲ့ (PNLO)ဦးဆောင်နာယကလည်း ဖြစ်သူ ၎င်းက ဆိုပါတယ်။ ‘‘လာမယ့် ၂၁ ရာစုပင်လုံ ကို စနစ်တကျ ချဉ်းကပ်ဖို့၊ ဆွေး နွေးချက်ရလဒ်ကောင်းတွေ ထွက် အောင် ပြင်ဆင်ဖို့ အဲဒါတွေ လုပ် မှာ’’ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောခဲ့တာပါ။ ၂၁ ရာစုပင်လုံ တတိယအ စည်းအဝေးကို ဇန်နဝါရီနောက် ဆုံးပတ်တွင် ကျင်းပရန် အကြမ်း ဖျင်း သတ်မှတ်ထားသော်လည်း ရက်အတိအကျ မသိရသေးဟု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။

‘‘ကျွန်တော်တို့ RCSS အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ပြီး မှပဲ ကျွန်တော်တို့က ကျန်တဲ့ အ လုပ်တွေ လုပ်ရမှာလေ။ လုပ်ငန်း ကော်မတီတွေ ထိုင်ရမယ်။ အ တွင်းရေးမှူးအဖွဲ့ (UPDJC အ တွင်းရေးမှူးအဖွဲ့) အစည်းအဝေး တွေ ထိုင်ရမယ်။ အဲဒါပြီးမှ ရက် ကို သတ်မှတ်နိုင်မှာ’’ဟု ၎င်းက ဆိုသည်။ ရှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ(RCSS)က ဦးဆောင်ကျင်းပမည့် ရှမ်းလူမျိုး အလိုက် အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲကို ဇန်နဝါရီပထမ ပတ်တွင် ရှမ်းပြည်နယ် လင်းခေး မြို့၌ ကျင်းပရန် သဘောတူညီ ထားပါတယ်။ လာမည့် ၂၁ ရာစုပင်လုံညီ လာခံတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စ သည့်ကဏ္ဍများ ဆွေးနွေးမည် ဖြစ် သည်။ ပြီးခဲ့သည့် ပင်လုံဒုတိယ အစည်းအဝေး၌ ပြည်ထောင်စုသဘောတူညီချက် အစိတ်အ ပိုင်း(၁)အဖြစ် အချက် ၃၇ ချက်ချုပ်ဆိုနိုင်သော်လည်း ဝေဖန်မှုများပေါ်ထွက်ခဲ့ပါတယ်။

Source – 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။