အနုပညာလောကထဲမှာ နေရာတစ်နေရာအခိုင်အမာရရှိထားတဲ့ ရုပ်ရှင်မင်းသမီးမယ်လိုဒီဟာ အနုပညာအလုပ်တွေပြန်လုပ်နေပြီဖြစ်သလို ပရိသတ်တွေအားကျရတဲ့ မိသားစုဘဝလေးပိုင်ဆိုင်ထားရသူဖြစ်ပါတယ်။

သားတစ်ယောက်မိခင်ဖြစ်တဲ့ မယ်လိုဒီ ဟာ အိမ်ရှင်မဘဝ ကိုလည်း တာဝန်ကျေပွန်စွာ အချိန်ပေးနိုင်သူဖြစ်တာမို့ သူမကို လေးစားအားကျရတဲ့ မိန်းကလေးပရိသတ်တွေလည်း ရှိနေပါတယ်။

ဒီဇင်ဘာလ(၁၅)ရက်နေ့မနက်မှာ မိသားစုအပြင်ထွက်လည်တဲ့ ပုံရိပ်အချို့ကို မယ်လိုဒီက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတာဖြစ်ပါတယ်။

ပရိသတ်တွေစိတ်ဝင်စားနေတဲ့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ နေထိုင်မှုပုံရိပ်လေးတွေက လူမှုကွန်ရက်မှာ လူပြောများလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သားလေးတစ်ယောက်ရဲ့ မေမေ မယ်လိုဒီတစ်ယောက် ပရိသတ်တွေကို သူမရဲ့ အသုံးအဆောင်ပစ္စည်းလေးတွေအပတ်စဉ်မဲဖောက်ပေးနေတာဖြစ်ပါတယ်။

နိုင်ငံကျော်မင်းသမီးတစ်လက်ဖြစ်တာမို့ သူမရဲ့ အဝတ်အစား ၊အိတ် ၊ဖိနပ် စတဲ့အသုံးအဆောင်ပစ္စည်းတွေဟာ တစ်ခါလောက်သာ ၀တ်ဖူးသုံးဖူးတာမို့ အသစ်ပုံစံတိုင်းပဲ ရှိနေတာမို့ ပရိသတ်တိုင်းက လိုချင်ကြပြီး မဲပေါက်သူကိုလည်းကြေညာပေးထားပါသေးတယ်။

စိတ်သဘောထားပြည့်ဝသလို အိမ်ထောင်ရေးမှာလည်း စိတ်ချမ်းသာစရာတွေနဲ့ ပြည့်နှက်နေတာမို့ ပျော်ရွှင်တဲ့့မိသားစုဘဝလေးပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဆိုလည်း မှန်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပွဲတက်ပုံရိပ်လေးတွေကြောင့် အပျိုလေးအတိုင်း ထင်ရတဲ့ မယ်လိုဒီရဲ့ နုပျိုလန်းဆန်းပုံကိုတော့ ပရိသတ်တွေသဘောကျခဲ့ရတာပဲဖြစ်ပါတယ်။

မယ်လိုဒီ တို့မိသားစု လေး ချစ်ဖို့ကောင်းတယ်မလား ပရိသတ်ကြီးရေ။ 

Source : Melody 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။