သရုပ်ဆောင်ကောင်းခန့် ရဲ့ သမီးလေး ဟာ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ငါးလပြည့်တော့မှာပါ ။ သမီးလေးအတွက် အကြိုမွေးနေ့ အလှုအဖြစ် ရွှေလင်းယုန် ဆရာတော်ဘုရားကြီးအား ဆွမ်းဆပ်ကပ်လှူဒါန်းရာမှာ ဆရာတော်ကြီးက ကောင်းခန့်တို့ရွေးပေးထားတဲ့ နာမည် ကုမုဒြာကောင်းခန့် အစား ကြာဖြူကောင်းခန့်လို့ ပြောင်းလဲခေါ်ဖို့ နာမည် ချီးမြှင့်ခဲ့တယ်လို့ ကောင်းခန့်ကဆိုပါတယ် ။ 

" သမီးကုကူ ရဲ့ ၁၇ရက်နေ့မှာ ကျရောက်မည့် ၅လပြည့်မွေးနေ့အလှူအဖြစ် ရွှေလင်းယုန် ဆရာတော်ဘုရားကြီးအား ဆွမ်းဆပ်ကပ်လှူဒါန်းပါသည်။ဆရာတော်ဘုရားကြီးမှ ကုမုဒြာကောင်းခန့်အမည် အစား မကြာဖြူကောင်းခန့်ဟုခေါ်တွင်စေရန် အမည်ပေးကင်းပွန်းတပ် ချီးမြှင့်တော်မူပါသည်။

Facebook ပေါ်မှ ဦးဦး ဒေါ်ဒေါ် ကိုကို မမ တို့ ယနေ့မှစ၍ မကြာဖြူကောင်းခန့် ဟု ခေါ်ပေးတော်မူကြပါ ။ 

ယနေ့ ပြုသမျှကုသိုလ်ကောင်းအစုစုအားလဲ အမျှကုသိုလ် ပေးဝေးပါသည်။ သာဓု ခေါ်ဆိုနိုင်ကြပါစေ ။

P.S နာမည်ပေးကင်းပွန်းတပ် ဧည့်ခံခြင်းအား သမီးလေး ၁နှစ်ပြည့်မှဘဲ လုပ်မည်ဖြစ်ကြောင်း " လို့ ကောင်းခန့်က မိတ်ဆွေတွေ ပရိတ်သတ်တွေကို အသိပေးပြောကြားခဲ့တာပဲဖြစ်ပါတယ် ။

သမီးလေး ကြာဖြူကောင်းခန့်လဲ မွေးနေ့မှစပြီး သာယာပျော်ရွှင်သော ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ Myanmarload ကလည်း ဆုတောင်းပေးလိုက်ပါတယ်နော် ... 

သတင်းအရင်းမြစ် Kaung Khant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။