တစ်ချောင်းထိုးအထည်များ ချုပ်လုပ်ပြီးတဲ့ အခါမှာဖြစ်ဖြစ်၊ ၀တ်ဆင်ပြီးတဲ့ အခါမှာဖြစ်ဖြစ် လျှော်ဖွတ်ဖို့ အတွက် အခက်အခဲ ရှိတတ်ကြပါတယ်။ ၀တ်ရင်တော့ လှပေမဲ့ လျှော်ဖွတ် သိမ်းဆည်းတဲ့ အခါမှာ အရမ်း သတိထားရတဲ့ အဝတ်အစား တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလို အခက်အခဲ ရှိနေသူများအဖို့ အဆင်ပြေသွားစေဖို့ တစ်ချောင်းထိုးဇာများ လျှော်ဖွပ်နည်းကို ဗဟုသုတ ရရှိစေဖို့ တင်ဆက်ပေးလိုက်ပါတယ်။

လျှော်ဖွတ်ပုံ အဆင့်ဆင့်

- ရေနွေးနွေးလေးတွင် ဆပ်ပြာမှုန့် အနည်းငယ် ထည့်ပြီး လက်ဖြင့် ဖိကာ ညင်သာစွာလျှော်ပါ။ (တစ်ချောင်းထိုးဇာတွင် အကွက်အပျောက်များ ရှိနေပါက ချွတ်ဆေး အနည်းငယ် ရောထည့်နိုင်ပါတယ်။)

- ထို့နောက် ရေတွင် နှစ်၍ ဆပ်ပြာ (ချွတ်ဆေး) များ စင်ကြာသွားသည်အထိ ဆေးကြောသန့်စင်ပါ။

- တစ်ချောင်းထိုးဇာကို မျက်နှာသုတ်ပဝါ ၂ ခုကြားတွင် ရေစုပ်သွားအောင် ထည့်ပေးပါ။

- လေဝင်လေထွက် ကောင်းသော နေရာတွင် ခြောက်အောင် ထားရပါမယ်။ နေရောင် မထိုးအောင်/ နေနှင့် တိုက်ရိုက် မထိတွေ့နိုင်အောင် ဂရုစိုက်ရပါမယ်။

မီးပူတိုက်သော အခါတွင်လည်း မီးပူတိုက်ခုံရှိ ပိတ်စ တစ်ခု (သို့မဟုတ်) စောင်ပေါ်တင်၍ အဝတ်ဖြူစ တစ်စ အုပ်ပြီး ထိုအပေါ်မှ တစ်ဆင့် မီးပူ တိုက်ပေးနိုင်ပါတယ်။ ထိုးထားတဲ့ ချုပ်ရိုးများနှင့် ပုံများကိုတော့ မပျက်စီးစေရန် ဂရုစိုက်ဖို့ လိုပါတယ်။

အခုဆိုရင်တော့ တစ်ချောင်းထိုး ဇာကို လျှော်ဖွတ်၊ မီးပူတိုက်နည်း သိပြီမိို့ ဒီ့အတွက် စိတ်အနှောင့်အယှက် မဖြစ်တော့ပါဘူး။ သာယာလှပသော နေ့ရက်လေးတိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေနော်။ 

သတင်းအရင်းအမြစ် - ဒေါ်စန်းလေး (အိမ်တွင်းမှု)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။