အားလပ်ရက်တွေမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေ အတွက်ပဲ ဖြစ်ဖြစ်၊ အလှူ လုပ်ချင်လို့ပဲဖြစ်ဖြစ် ဘာလုပ်စားရမလဲ စဉ်းစားနေတဲ့ ကိုကို၊ မမတွေအတွက် အထူးအဆန်းလေးဖြစ်ပြီး အရသာ ရှိလှတဲ့ ပုဇွန် ကောက်ညင်းပြန်ပေါင်း လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ နည်းလမ်းလေးကလည်း လွယ်ကူတာမို့ စမ်းကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အခုမလုပ်စားဖြစ်ဘူးဆိုရင်လည်း နောက်တစ်ချိန်မှာ လုပ်စားနိုင်ဖို့ ဒီစာလေးကို ဖတ်ကြည့်လိုက်ပါဦး။

ပါ၀င်သောပစ္စည်းများ

- ကောက်ညင်းဆန် ၄ ဘူး

- အခွံနွှာကို တစ်ခြမ်း ခြမ်းထားသော အုန်းသီး ၁ လုံး

- ပုစွန် ၂၅ ကျပ်သား

- ဆီအနည်းငယ် 

ပြုလုပ်ပုံ အဆင့်ဆင့်

(၁) ကောက်ညင်းဆန် ၄ ဘူးကို ရေ ၂ကြိမ်ခန့် ဆေးပြီး တစ်ည စိမ်ထားပါ။ နောက်တစ်နေ့ နံနက်တွင် ရေစစ်လိုက်ပါ။

(၂) နှစ်ဆင့်ပေါင်းအိုး၏ ပထမအဆင့်တွင် စစ်ထားသေ ကောက်ညင်းဆန်ထည့်ပြီး အောက်ခံအိုးထဲတွင် ရေထည့်ပြီး ပေါင်းပါ။

(၃) အုန်းသီး တစ်လုံးကို ခြစ်ပြီး အုန်းနို့်ကို ညှစ်ယူပါ။ အဖတ်များကို သီးသန့်ထားပါ။

(၄) ပုစွန် ၂၅ ကျပ်သားကို ရေ စင်စင်ဆေးပြီးနောက် ခေါင်း၊ အမြီှး၊ အခွံများခွာပြီး ကျော်တစ်လျှောက်ရှိ ချေးကြောင်းများလည်း ခွာထုတ်ပါ။

(၅) ပုစွန် (အကောင်ကြီးလျှင် အနည်းငယ် စဉ်းပြီးနောက်) ကို ထည့်၍ ဒယ်အိုးထဲတွင် ဆီ ၃ ကျပ်သားခန့် ထည့်ကာ ဆီပူထိုးပါ။

(၆) ဖယ်ထားသော အုန်းသီးဖတ်များနှင့် ဆားအနည်းငယ်ကို ထည့်မွှေပြီး ခြောက်အောင် လှိမ့်ပြီးနောက် အပေါ့အငန် မြည်းပြီး မီးဖိုမှ ချပါ။

(၇) ပေါင်းထားသော ကောက်ညင်းကျက်လျှင် ပေါင်းအိုးမှ ဖယ်ထုတ်ပြီး အိုးတစ်လုံးထဲ ထည့်ကာ ဆား အနည်းငယ်နှင့် အုန်းနို့ဦးရည် ထည့်ပြီး သမအောင် နယ်ပါ။ ထို့နောက် ဒယ်အိုးနှင့် ၁၅ ခန့် ပြန်နှပ်ပါ။ (အဖုံးဖုံးထားပြီး မီးမပြင်းအောင် သတိပြုပါ)

(၈) ကောက်ညင်းနှင့် အုန်းနို့အိပြီး ဆီပြန်လာလျှင် မီးဖိုမှ ချပါ။

(၉) ပန်းကန်ပြားပေါ်တွင်ဖြစ်စေ၊ ငှက်ပျောရွက်ပေါ်တွင်ဖြစ်စေ ကောက်ညင်းပြန်ပေါင်းကို အနည်းငယ်ပုံပြီး ပုစွန် အစာဖြူးကာ စားသုံးနိုင်ပြီ ဖြစ်ပါတယ်။

ပုစွန် အစား ၀က်သား၊ ကြက်သား စတဲ့ ကြိုက်နှစ်သက်ရာ အသားများနှင့် တွဲဖက် စားသုံးနိုင်တာလည်း မမေ့ပါနဲ့နော်။ အခုလို အန့ံ အရသာနဲ့ ပြည့်စုံလှတဲ့ ကောက်ညင်းပြန်ပေါင်းကိုလည်း ချစ်ခင်ရသူတွေနဲ့ အတူ သုံးဆောင်လိုက်ကြရအောင်။

စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေရှင် 

သတင်းအရင်းအမြစ် - ဒေါ်စန်းလေး (အိမ်တွင်းမှု) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။