ပရိသတ်အချစ်တော် မင်းသား နေတိုးကတော့ “တာတေကြီး” ဇာတ်ကားနဲ့ ပရိသတ်တွေက အကယ်ဒမီ ခန့်မှန်းပေးကြတဲ့ အတွက် အတိုင်းမသိ ဝမ်းသာမိတယ်လို့ ဆိုပါတယ်..။

အိန္ဒိယဇာတ်ကားကို မှီငြမ်းရိုက်ကူးထားတဲ့ “တာတေကြီး” ရုပ်ရှင်ဇာတ်ကားမှာ နေတိုးရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေ ကျေနပ်အားရခဲ့ပါတယ်..။

“တာတေကြီး” ဇာတ်ကားဟာ စိတ်ခံစားမှုကို အရမ်းဦးစားပေး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး ဇာတ်ကားရိုက်ကူးချိန်မှာလည်း စိတ်အနှောင့်အယှက် မဖြစ်အောင်နဲ့ အပီပြင်ဆုံး သရုပ်ဆောင်နိုင်အောင် ပံ့ပိုးပေးမှုများ ရှိခဲ့ကြတယ်လို့ ဆိုပါတယ်..။

ပရိသတ်တွေ အကယ်ဒမီ ခန့်မှန်းပေးတိုင်း ပရိသတ်ရင်ထဲရောက်သွားတယ်လို့ ယူဆမိပြီး အရမ်းဝမ်းသာမိတဲ့အကြောင်းလေးကိုလည်း နေတိုးက ပြောပြထားပါသေးတယ်..။

“Special Makeup ၊ အဝတ်အစား က အစ ကူညီပေးခဲ့တဲ့ သူတွေ အများကြီးရှိတဲ့ အတွက်ကြောင့် ဒီဇာတ်ကားဟာ ပီပီပြင်ပြင်နဲ့ ဖြစ်လာခဲ့တာပါ..။

အဓိက ကျွန်တော်ပြောချင်တာက အကယ်ဒမီနဲ့ ပက်သက်ပြီး ခန့်မှန်းပေးကြတဲ့အတွက် အရမ်း ဝမ်းသာတယ်.. ကျေလည်း ကျေနပ်တယ်..။

ကျွန်တော့် ရဲ့ အနုပညာလှုပ်ရှားမှု သက်တမ်းတစ်လျှောက်မှာ ဒီလို ပရိသတ်က အကယ်ဒမီ ရသင့်ရထိုက်တယ်ဆိုတာ ခန့်မှန်းခဲ့တဲ့ ဇာတ်ကားတွေလည်း အများကြီးရှိပါတယ်..။

အဲ့လို ခန့်မှန်းတိုင်း ကိုယ့်ကိုကိုယ် ပိုပြီးတော့ ပရိသတ်ရင်ထဲ ရောက်သွားတဲ့ ဇာတ်ကောင်လို့လည်း ယူဆမိတယ်.. အဲ့အတွက်လည်း အရမ်းဝမ်းသာပါတယ်..” လို့ နေတိုးက ဆိုပါတယ်..။

“တာတေကြီး” ဇာတ်ကားကတော့ ရုံတင်မပြသမီ ကတည်းက ပရိသတ်တွေ စိတ်ဝင်စားမှုများစွာ ရှိခဲ့ပြီး စတင်ရုံတင်ပြသတဲ့နေ့မှာပဲ ရုံပြည့်ရုံလျှံအားပေးကြည့်ရှုခဲ့ကြတာ ဖြစ်ပါတယ်..။

ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ပရိသတ်အချစ်တော် မင်းသားချော နေတိုးကတော့ “တာတေကြီး” ဇာတ်ကားမှာလည်း မမတာ ဇာတ်ရုပ်နဲ့ ပရိသတ်တွေကို နှစ်သက် သဘောကျစေခဲ့ပြန်ပါတယ်..။

မမတာ ဇာတ်ရုပ်နဲ့ ပရိသတ်တွေပေးထားတဲ့ အကယ်ဒမီတွေကို ရရှိပိုင်ဆိုင်ထားပြီး အကယ်ဒမီနဲ့ ပက်သက်ပြီး ကိုယ်တိုင် ရင်ခုန်မှုကတော့ ကံတရားနဲ့ပဲ အများကြီး သက်ဆိုင်တာကြောင့် အနုပညာဖန်တီးမှုပိုင်းမှာ ပိုပြီးကောင်းမွန်အောင်ပဲ လုပ်သွားမယ်လို့ ဆိုပါတယ်..။

Source – Myanmar Celebrity

Photo - နေတိုး fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။