ဒီဇင်ဘာ(၁၅)ရက်နေ့မှာ ကျရောက်တဲ့ စိုးမြတ်နန္ဒာအတွက် မွေးနေ့ ဆုတောင်းလေးကို မွေးနေ့ရက်လေး မကုန်ဆုံးခင် မိနစ်ပိုင်းအလိုမှာ စိုးသူက သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ တင်လိုက်ပါတယ်..။

ဒီဇင်ဘာ(၁၅)ရက်နေ့ကတော့ စိုးမြတ်နန္ဒာရဲ့ အသက်(၃၈)နှစ်ပြည့် မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်..။

စိုးသူက သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ စိုးမြတ်နန္ဒာရဲ့ မွေးနေ့ ပုံလေးနဲ့အတူ “HAPPY BIRTHDAY” ဆိုတဲ့ စာသားလေးနဲ့ Emoji အသည်းပုံလေး ရေးပြီး မွေးနေ့ ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်..။

စိုးမြတ်နန္ဒာကတော့ သူမရဲ့ (၃၈)နှစ်ပြည့် မွေးနေ့လေးမှာ ဘုန်းတော်ကြီး ပညာသင်ကျောင်းက ကလေးတွေအတွက် စာသင်ခုံများလှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

မွေးနေ့ အကြို အနေနဲ့ မွေးနေ့ မတိုင်ခင်ညပိုင်းမှာ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ Astons Steak House - Myanmar Plaza မှာ ညစာ စားခဲ့ကြပြီး မွေးနေ့ မနက်ပိုင်းမှာတော့ ဘုန်းတော်ကြီး ပညာသင်ကျောင်းက ကလေးတွေအတွက် SMND’s Group နဲ့ အတူစာသင်ခုံ တွေလှူထားတာကို ရေစက်ချခဲ့တယ်လို့ ဆိုပါတယ်..။

မွေးနေ့ရက်လေးကို ချစ်ခင်သူတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပြီး နေ့လည်ပိုင်းမှာ KKS B.B.Q မှာ စားသောက်ခဲ့ကာ ညပိုင်း အိမ်အပြန်မှာလည်း မိသားစုနဲ့အတူ ဟော့ပေါ့ စားခဲ့ပြီး ပင်ပန်းပေမယ့်လည်း ပျော်ရတဲ့အကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်..။

သူမရဲ့ မွေးနေ့လေးမှာ ချစ်ရတဲ့ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေရဲ့ မွေးဆုတောင်းလေးတွေကို အမြတ်တနိုးဖတ်ပြီး မွေးနေ့ညလေးကို ဖြတ်သန်းမယ့် အကြောင်းလေးကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်..။

“၁၈ နှစ်ပြည့်ကစလို့ မွေးနေ့စလုပ်ခဲ့တဲ့ ကျွန်မ .. ၂၅ နှစ်ပြည့်မှာ နောက်ဆုံးလုပ်ပြီး အသက်တွေကို မေ့နေခဲ့တာကြာပေါ့..။

အသက်လဲရလာတော့ ၃၆နှစ်ပြည့် မွေးနေ့မှာ ဆရာတော်ဘုရားကြီးတရားပွဲအလှူလေး လုပ်ရင်း ကိုယ့်အသက်ကိုယ်ပြန်မှတ်မိလာခဲ့တယ်..။

သေခြင်းတရားနဲ့ ဘယ်လောက်နီးလဲ ဝေးနေလဲ မသိပေမဲ့ မွေးနေ့တိုင်းမှာတော့ သေဖို့ မေ့နေတာ အမှန်ပဲ.. ချစ်သူတွေက ပျော်အောင်ဖန်တီးပေးကြတယ်လေ..။

အခုလည်း.... ကျွန်မ ချစ်တဲ့ မိသားစု , ချစ်ခင်ရတဲ့မိတ်ဆွေ တွေ , ပရိသတ်တွေရဲ့ မွေးနေ့ဆုတောင်းပေးတာလေးတွေ အမြတ်တနိုးဖတ်ရင်း ဒီညလေးကို ကျော်ဖြတ်ပါ့မယ်..” ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်..။

Source - စိုးမြတ်နန္ဒာ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။