ပရိသတ်တွေတင်စားထားတဲ့ ရင်ထဲက ဖက်ရှင်ဘုရင်မ ဘွဲ့ ကိုတော့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင် ကပဲ နေရာယူထားနိုင်ပါတယ်။

ဘယ်လိုလေးပဲ ၀တ်ဝတ် ဖက်ရှင်ကျကျနဲ့ စမတ်ကျအောင် ၀တ်ဆင်တတ်တဲ့ အူဝဲ ဟာ ကလေးနှစ်ယောက်အမေလို့ တောင် ထင်ရက်စရာမရှိပဲ နုပျိုလန်းဆန်းနေတုန်းပါပဲ။

တစ်သားမွေး တစ်သွေးလှလာတဲ့ အူဝဲ ဟာ လက်တလောမှာတော့ Hong Kong Me Do ဆိုတဲ့ မျက်မှန်ဆိုင်ဖွင့်ပွဲကို အနီရောင်ကိုယ်ကျပ် ဂါ၀န်အရှည်လေးဝတ်ကာ ပွဲတက်ခဲ့ပါတယ်။

မျက်မှန်ဆိုင်မှာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တဲ့ အူဝဲ ဟာ သူမရဲ့ အမှတ်တရရိုက်ဖြစ်တဲ့ ပုံလေးတွေကို ဖေ့ဘုတ်အကောင့်မှာ မျှဝေထားတာပဲဖြစ််ပါတယ်။

ပရိသတ်တွေသဘောကျရပြန်တဲ့ သူမရဲ့ ဖက်ရှင်နီနီရဲရဲကတော့ ကြည့်မိသူတိုင်း ကြွေလောက်အောင် ဆွဲဆောင်မှုရှိနေတာဖြစ််ပါတယ်။

နိုင်ငံကျော်မင်းသား ပြေတီဦးရဲ့ ဇနီးချောလေးဖြစ်သူ အူဝဲဟာ သားတစ်ယောက် သမီးတစ်ယောက် မွေးဖွားထားတဲ့ မိခင် တစ်ယောက်အဖြစ်လည်း အချိန်ပေးနေသူဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှုတွေလည်း ဆက်တိုက်လုပ်နေရတဲ့ အူဝဲ တစ်ယောက် အခမ်းအနားပွဲများစွာကိုလည်း မပါမဖြစ် တက်ရောက်ချီးမြှင့်နေတာကိုတွေ့ရပါတယ်။

မကြာသေးမီကလည်း အာဒမ် နဲ့ နံရိုးများ ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ခင်ပွန်းဖြစ်သူ ပြေတီဦး ၊ လူမင်း မင်းမော်ကွန်း တို့နဲ့အတူ ရိုက်ကူးထားတာဖြစ်ပါတယ်။

စမတ်ကျပြီး လှပကျော့ရှင်းနေတဲ့ အူဝဲကို ပရိသတ်ကြီး ချစ်တယ်မလား။  

Source : Eaindrakyawzin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။