ပရိသတ်အချစ်တော် မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ “ထာဝရအမေ” ရုပ်ရှင်ဇာတ်ကားကို ကြည့်ပြီး မိခင်မေတ္တာကို ခံစားမိသွားတဲ့ အကြောင်း ပြောပြလာပါတယ်..။

“ထာဝရအမေ” ရုပ်ရှင်ဇာတ်ကားကို မိခင်ဖြစ်သူနဲ့အတူ သွားရောက်ကြည့်ခဲ့ပြီး ရင်ထဲမှာ တော်တော် ခံစားသွားရတယ်လို့ ဆိုပါတယ်..။

“ထာဝရအမေ” ရုပ်ရှင်ဇာတ်ကားကြီးဟာ အရမ်းကောင်းတယ်ဆိုတာထက် ပိုကောင်းပြီး ပါဝင်သရုပ်ဆောင်သူတွေ အားလုံးကလည်း အရမ်းတော်တဲ့အကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်..။

အဲ့ဒီအကြောင်းကို မင်းသမီးချောလေး ခင်ဝင့်ဝါက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်..။

“ထာဝရအမေ” ရုပ်ရှင်ဇာတ်ကားကြီးဟာ အရမ်းကောင်းတဲ့အကြောင်းနဲ့ ဇာတ်ကားကြည့်ပြီး သူမခံစားမိတဲ့ မိခင်မေတ္တာအကြောင်းကို ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

“မနေ့ညက မေကြီး နဲ့ “ထာဝရအမေ” သွားကြည့် တယ်.. အများကြီးတော့ မပြောတတ်ဘူး.. အမေ ရဲ့ပေးဆပ်မှုတွေ အမေရဲ့ကျေးဇူး အမေရဲ့ မေတ္တာတွေကို “ထာဝရ အမေ” ကြည့်ပြီး ရင်ထဲမှာ တော်တော် ထိတယ်..။

အမေတင် မဟုတ်ပါဘူး အဖေကလည်း ပေးဆပ်သူ မေတ္တာရှင်ပါဘဲ..။ “ထာဝရ အမေ” အရမ်းကောင်းတယ် ဆိုတာထက်ကောင်းတယ် အကုန်လုံးအားလုံး အရမ်းတော်ပါတယ်..။

ဘယ်ချိန် ဘဲဖြစ်ဖြစ် ဘယ်နေရာဘဲရောက်ရောက် အမေ က အမေ ပါဘဲ..” လို့ ရေးသားထားတာ ဖြစ်ပါတယ်..။

မိခင်တစ်ယောက်ရဲ့ ကြီးမြတ်တဲ့ မေတ္တာတရားတွေနဲ့ သားသမီးနဲ့ မိဘတွေကြားက ချစ်ခြင်းတွေကို ပုံဖော်ရိုက်ကူးထားတဲ့ “ထာဝရအမေ” ရုပ်ရှင်ဇာတ်ကားကြီးကို သိန်း(၃၀၀၀) အကုန်အကျခံ ရိုက်ကူးထားပြီး မြန်မာနိုင်ငံအပြင် ပြည်ပနိုင်ငံ(၅)နိုင်ငံမှာ ပြသသွားမယ့် ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်..။

“ထာဝရအမေ” ရုပ်ရှင်ဇာတ်ကားကြီးဟာ အသည်းအထူးကုဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ဝင်းရဲ့ ဖြစ်ရပ်မှန် ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပြီး နေတိုး၊ ရဲအောင်၊ ဝတ်မှုံရွှေရည်၊ မေသန်းနုတို့က အဓိကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်..။

“ထာဝရအမေ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာ(၈)ရက်နေ့ကစပြီး ရုံတင်ပြသခဲ့တာ ဖြစ်ပြီး ပထမဆုံးရုံတင်ပြသတဲ့နေ့မှာပဲ ပရိသတ်တွေရဲ့ တခဲနက် အားပေးမှုတွေ ရရှိခဲ့တာ တွေ့ရပါတယ်..။

Source - ခင်ဝင့်ဝါ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။