မော်လ်ဒယ် သရုပ်ဆောင် မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ လက်တလောမှာ ခရီးတွေ ဆက်တိုက်ထွက်နေဆဲပါပဲ..

အခုလည်း ကျိုက်ထီးရိုး ဘုရားကို ရောက်ရှိနေပြီး ဘုရားဝတ်ပြုရင်း တည်ငြိမ်အေးချမ်းနေတဲ့ သူမရဲ့ ဘုရားဖူး ပုံရိပ်လေးတွေကို ပရိသတ်တွေကို ပြန်လည်မျှဝေလိုက်ပြန်ပါတယ်..။

ဓာတ်ပုံတွေထဲမှာတော့ တန်ခိုးကြီးလှတဲ့ ကျိုက်ထီးရိုးဘုရားကြီးရယ် တောတောင် သဘာဝရှုခင်းတွေရယ် ဘုရားဝတ်ပြုပြီး တည်ငြိမ်အေးချမ်းနေတဲ့ သူမရယ် တကယ့်ကို စိတ်အေးချမ်းစရာလေးပါပဲ.. ပရိသတ်ကြီးရေ..

ဘုရားဝတ်ပြုရင်း ရေသပ္ပာယ်ပြီး ဘုရားမှာခေါင်းလောင်းလေးပါ လှူဒါန်းခဲ့တဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို ပြန်လည်မျှဝေလိုက်တာ တွေ့ရပါတယ်..။

“စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ..” ဆိုတဲ့ စာသားလေးနဲ့ အတူ လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားပြီး တင်ထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ သူမရဲ့ အေးချမ်းနေတဲ့ ပုံရိပ်လေးတွေ မြင်ရတဲ့အတွက် ပရိသတ်တွေကလည်း စိတ်အေးချမ်းရတဲ့ အကြောင်းလေးတွေကို ပြောထားတာ တွေ့ရပါတယ်..။

မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ လတ်တလောမှာ မြန်မာနိုင်ငံအနှံ့ ခရီးတွေ ဆက်တိုက်ထွက်ရှိနေတာ လနဲ့တောင် ချီနေပြီ ဖြစ်ပါတယ်..။

မင်းသမီးချောလေး ရွှေပိုးအိမ်ဟာ အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားသလို ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့နေခဲ့ရပြီး အခက်အခဲတွေကိုလည်း ရင်ဆိုင်နေရတာ တွေ့ရပါတယ်..။

မကြာသေးခင်ကလည်း ဝေဖန်တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး ဝေဖန်မှုတွေနဲ့ စိတ်ဖိစီးမှုတွေကြောင့် ခရီးတွေ ဆက်တိုက်ထွက်နေခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်..။

Source - ရွှေပိုးအိမ် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။