မိုးယုစံ ဆိုရင် အိမ်ထောင်ရေးကံကောင်းတဲ့ မင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တာမို့ မသိတဲ့သူကခပ်ရှားရှားပါပဲ။

နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ မိုးယုစံ ဟာ သူမကို အလိုလိုက်ပြီးချစ်ခင်မြတ်နိုးတဲ့ လက်တွဲဖော်ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားရသလို သားလေးတစ်ယောက်နဲ့အတူ မိသားစုဘဝလေး ပိုင်ဆိုင်ထားရပြီဖြစ်ပါတယ်။

ပရိသတ်တွေအားကျစိတ်ဝင်စားရတဲ့ သူမရဲ့ ကိုယ်ရေးကိုယ်တာ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း လူမှုကွန်ရက်ပေါ်ကနေ မကြာခဏ မျှဝေထားတာကိုတွေ့ရပါတယ်။

မိခင်တစ်ယောက်ရဲ့ဘဝကို ကျေနပ်ပိတိဖြစ်နေတဲ့ မိုးယု တစ်ယောက် ယနေ့အားလပ်ရက်မှာ ခင်ပွန်းဖြစ်သူအပါ၀င် နှစ်ဖက်မိဘတွေနဲ့အတူ မိသားစု ထမင်းလက်ဆုံစားဖြစ်တယ်လို့ သိရပါတယ်။

သားလေးAustin ကို ချီထားတဲ့မိုးယု ဟာ မိသားစုနဲ့အတူ စားသောက်ဆိုင်မှာ အတူတူကုန်ဆုံးဖြစ်တဲ့ ပုံလေးတွေကို မျှဝေထားသလို သားလေးနဲ့အတူကြည်ကြည်နူးနူးရိုက်ထားတဲ့ပုံလေးတွေကိုလည်း မျှဝေထားတာပါ။

ချစ်စရာကောင်းလွန်းတဲ့ သားလေးကတော့ မျက်နှာချိုလွန်းလို့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားပါတယ်။

ဖိုးပြုံးချိုလေးကတော့ မေမေ နဲ့အတူ အကျီဆင်တူလေးဝတ်ထားပြီး အရမး်ကို ချစ်စရာကောင်းပြီး ကြည်လင်နေတော့တာပဲနော် ပရိသတ်ကြီးရေ။

အိမ်ထောင်ကျပြီးကထဲက အနုပညာလှုပ်ရှားမှုတွေသိပ်မလုပ်ဖြစ်တဲ့ မိုးယုဟာ လက်တလောမှာတော့ အခမ်းအနားပွဲတွေကိုလည်း တက်ရောက်ဖြစ်ပြီး မိသားစုဘဝကို အပြည့်အဝ အချိန်ပေးနေတာပါ။  

Source- Moe yu san fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။