ပြည်သူ့အချစ်တော်တိုက်စစ်မှူးလေးအောင်သူရဲ့သတင်း

တွေဒီရက်ပိုင်းသိပ်မကြားရတော့ပရိသတ်ကြီးလွမ်းနေကြပြီ

ထင်ပါတယ်။ဒီလ15ရက်နေ့မှာထိုင်းနိုင်ငံကိုသွားရောက်ပြီး

သူ့ရဲ့အသင်းသစ်ဖြစ်တဲ့Police Teroအသင်းနဲ့သွားပူးပေါင်း

မယ်လို့သိထားကြပေမယ့်အောင်သူအနေနဲ့အဆိုပါရက်မှာ

ဘန်ကောက်ကိုမသွားဖြစ်ခဲ့ပါဘူး။အောင်သူအနေနဲ့ဘန်ကောက်ကိုလာမယ့်ဒီဇင်ဘာ19ရက်နေ့မှသာသွားရောက်မယ်လို့သိရပါတယ်။အကြောင်းအရင်းကဒီလို။

တကယ်ဆိုရင်အောင်သူဟာPolice Teroအသင်းနဲ့ပူးပေါင်းဖို့

ဒီဇင်ဘာ18မှာအရောက်သွားရမှာပါ။ဒါပေမယ့်အသင်းရဲ့

Police Teroအသင်းရဲ့ပိုင်ရှင်တစ်ဦးဖြစ်တဲ့မစ္စတာ

ဘရိုင်ယန်မာကာနဲ့တွေ့ဆုံဖို့ရှိတာကြောင့်သွားမယ့်ရက်ကို

နောက်ဆုတ်ခဲ့တာပါ။အောင်သူဟာမြန်မာပြည်ကနေ

ထိုင်းကိုဒီဇင်ဘာ19ရက်နေ့မှာထွက်ခွာမှာဖြစ်ပြီး

20ရက်နေ့မှာတော့Police Teroအသင်းရဲ့လေ့ကျင့်ခန်း

အစီအစဉ်တွေမှာပါဝင်လာတော့မှာပါ။


ထိုင်းကိုမသွားခင်ရက်တွေမှာအောင်သူမြန်မာတို့ရဲ့

ရှေးဟောင်းမြို့တော်ပုဂံကိုငယ်သူငယ်ချင်းတွေနဲ့

သွားရောက်လည်ပတ်ခဲ့တာကိုတွေ့ရပါတယ်။ဒါအပြင်

အောင်သူဟာမန္တလေးမြို ့မှာသူ့ပရိသတ်တွေနဲ့နှုတ်

ဆက်ပွဲလုပ်ခဲ့ပါသေးတယ်။ငယ်စဉ်ကဘောလုံး

ပညာသင်ကြားခဲ့တဲ့မန္တလေးဘောလုံးအကယ်ဒမီကိုလည်း

သွားရောက်လည်ပတ်ခဲ့တယ်လို့သိရပါတယ်။အောင်သူဟာ

တယ်ရိုအသင်းမှာတစ်လကိုဒေါ်လာ7000နဲ့တစ်ရာသီအဌား

သွားရောက်ကစားမှာဖြစ်ပါတယ်။

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။