လတ်တလော လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ပရိသတ်စိတ်ဝင်စားမှု အများဆုံးရရှိနေတဲ့ ကျောင်းသူလေး ဖြူဖြူထွေးကတော့ သူမချစ်တဲ့ ပရိသတ်တွေကို မေးခွန်းလေးတစ်ခု မေးလိုက်ပြန်ပါပြီ..။

ကိုးဘွဲ့ရ ဆရာတော်ဘုရားရဲ့ ဒဿနလေး တစ်ခုကို သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားပြီး မေးလိုက်တာ ဖြစ်ပါတယ်..။

အမြင့်ရောက်လေလေ ဝေဖန်တိုက်ခိုက်ခံရလေဖြစ်ပြီး နိမ့်ပါးလွန်းရင်တော့ သူတစ်ပါး ချိုးနှိမ်တာ ခံရတယ်ဆိုတဲ့ သဘောနဲ့ ပတ်သက်ပြီး “လေတိုက်ခံမလား..?? ခြေနင်းတာ ခံမလား..?? လို့ သူမ ချစ်တဲ့ ပရိသတ်တွေကို ဘာကို ရွေးမလဲ..ဆိုပြီး မေးထားတာ ဖြစ်ပါတယ်..။

ကိုးဘွဲ့ရ ဆရာတော်ဘုရားရဲ့ ဒဿနလေးဖြစ်တဲ့ “ သစ်ပင်မြင့်ရင်၊ လေတိုက်တာ ခံရတယ်.. မြက်တွေ သိပ်နိမ့်ရင် သူများ နင်းတာ ခံရတယ်..။

လေတိုက်ခံမလား..?? ခြေနင်းတာ ခံမလား..?? ဆိုတဲ့ စကားလေး သိပ်ကြိုက်တာပဲ အချစ်တို့ရော ဘယ်ဟာကို ရွေးမလဲ…” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဒီဇင်ဘာ(၁၆)ရက်နေ့က ရေးသားထားတာ ဖြစ်ပါတယ်..။

သူမရဲ့ အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း အမျိုးမျိုး မှတ်ချက်ပေး ရေးသားထားတာကို တွေ့ရပါတယ်..။

ဟာသဗီဒီယိုဖိုင်လေးတွေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေခဲ့တဲ့ သူမကို အားပေးတဲ့ ပရိသတ်တွေရှိသလို ဝေဖန်မှုတွေလည်း ရှိခဲ့ပြီး အခုနောက်ပိုင်းမှာတော့ ဝေဖန်မှုတွေ နည်းပါးသွားကာ ပရိသတ်တွေ အားပေးလက်ခံလာတာ တွေ့ရပါတယ်..။

တဖြည်းဖြည်းနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိလာခဲ့တဲ့ ကျောင်းသူလေး ဖြူဖြူထွေးကတော့ လက်ရှိမှာလည်း အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းနေပြီ ဖြစ်ပါတယ်..။

အခမ်းအနားပွဲတော်တော်များများ တတ်ရောက်နေပြီး ဓာတ်ပုံ၊ မဂ္ဂဇင်းကြော်ငြာများနှင့် ရုပ်သံ ကြော်ငြာတွေလည်း ရိုက်ကူးနေပြီး ကော်ဖီကြော်ငြာတစ်ခုလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်..။

Source - ဖြူဖြူထွေး fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။