သူတို့ကတော့ အခုခေတ် မင်းသမီးတွေလိုက်မမှီနိုင်အောင် တစ်ချိန်က မြန်မာဆန်ဆန်နဲ့ ကျက်သရေရှိရှိနဲ့ ဆွဲဆောင်မှုရှိခဲ့တဲ့ မင်းသမီးတွေပါပဲ။

အနုပညာလောကမှာ ယနေ့အချိန်ထိ အောင်မြင်မှုကိုယ်စီ နဲ့ ရပ်တည်နေတဲ့ မင်းသမီးတွေဖြစ်ပါတယ်။

မြန်မာဝတ်စုံလေးတွေနဲ့ တစ်စုတစည်းထဲ ရိုက်ထားတဲ့ အဆိုပါပုံလေးတွေထဲမှာ ပါသူကတော့ ပရိသတ်အချစ်တော် ခိုင်သင်းကြည် ၊မေသန်းနု ၊ စိုးမြတ်သူဇာ ၊မိုးမိုးမြင့်အောင် ၊ခိုင်ခင်ဦး ၊ ခင်သန်းနု ၊ မေဆွိ တို့ပဲဖြစ်ပါတယ်။

ခေတ်ကာလအရ မြန်မာဝတ်စုံဝတ်စားဆင်ယင်မှု ဟာ မိန်းကလေးတိုင်းအတွက် မရှိမဖြစ်ဖက်ရှင် တစ်ခုဖြစ်တာမို့ ယနေ့ခေတ် မိန်းကလေးတွေနဲ့တော့ အတော်လေးကွာခြားနေမှာပါ။

အဲ့ဒီပုံလေးတွေကို အခုခေတ်လူငယ်တွေ မြင်ဖူးဖို့ဆိုတာ အတော်လေး ရှားတာမို့ ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

နိုင်ငံကျော်မင်းသမီးတွေဖြစ််တဲ့ အကယ်ဒမီ မေသန်းနု ၊ ခိုင်သင်းကြည် ၊ စိုးမြတ်သူဇာ ၊ မို့မို့ မြင့်အောင် တို့ဟာ ယနေ့အချိန်ထိ နုပျိုလန်းဆန်းနေသေးသလို ၀ါရင့်သရုပ်ဆောင်တွေအဖြစ် ရုပ်ရှင်လောကမှာ ပရိသတ်အခိုင်အမာနဲ့ရပ်တည်နေဆဲဖြစ်ပါတယ်။

အကယ်ဒမီ ခင်သန်းနု၊ ခိုင်ခင်ဦး မေဆွိ တို့ကတော့ အနုပညာလောကနဲ့ ကင်းကွာနေခဲ့တာအတော်ကြာပြီဖြစ်ပြီး ဇာတ်ကားရိုက်ကူးမှုတွေလည်း နားထားတာဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် မိသားစုနဲ့ ကိုယ်ပိုင်ဘဝကိုယ်စီ နဲ့ အချိန်ပေးနေရတဲ့ တစ်ချိန်က နိုင်ငံကျော်မင်းသမီးတွေကို လွမ်းဆွတ်တမ်းတမိတဲ့ ပရိသတ်တွေလည်း ရှိနေမှာပါ။

သူတို့အားလုံးဟာ ကျရာဇာတ်ရုပ်ပီပြင်အောင်သရုပ်ဆောင်နိုင်ပြီး မြန်မာ့ရုပ်ရှင်လောကကို ရုပ်လုံးကြွအောင် စွမ်းဆောင်နိုင်တဲ့ အနုပညာရှင်တွေဆိုလည်းမမှားပါဘူး။

ပရိသတ်ကြီးရော ဒီပုံလေးထဲမှာ ဘယ်သူ့ကိုအချစ်ဆုံးလဲ။  

Photo Source- Sunday Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။