ဒီဇင်ဘာ(၁၅) ရက်နေ့၊ညနေပိုင်းအချိန် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၃၇)မိုင်နဲ့ (၄)ဖာလုံတွင် စာဖတ်ပရိသတ်တွေ ပါးစပ်အဟောင်းသား အံ့အားသင့်စေခဲ့ရတဲ့ ချိန့်ချိန့်သဲ အလှူကြီး တစ်ခုပေးခဲ့တယ် လို့သိရပါတယ်။ ဒေါ်ခင်မာဝင်း အမည်ရှိ အမျိုး သမီးတစ်ဦးဟာ အမြန်လမ်းပေါ်တွင် နေ့တဒူဝ ရုန်ကုန်းလှုပ်ရှား နေရတဲ့ အလုပ်သမား များကို သူမပါလာတဲ့ ရွှေငွေများ ရက်ရက်ရောရော လှူဒါန်းခဲ့ တာပဲ ဖြစ်ပါတယ်။ တစ်နေ့ လျင်ငွေ (၄၀၀၀)ကျပ် လုပ်အားခ ရရှိရန် မနက်မိုးလင်း ကနေ မိုးချုပ် တောထဲကို (၂) နာရီ ခန့် ခြေလျင် လမ်းလျောက်ကာ ကြံသွားခုတ်ကြရတဲ့ တောသူတောင်သား အလုပ် သမား လေးတွေရဲ့ ဘဝကို စာနာသရုဏာ သက်တော့အားဖြင့် သူမပိုင်ဆိုင်ရာ ရွှေငွေဥစ္စာ ပစ္စည်း တို့ကို လှူဒါန်းခဲ့ တာပဲ ဖြစ်ပါတယ်။  

၎င်းအလုပ်သမားလေးတွေ အလုပ်သိမ်းလာချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ကြုံခဲ့တာကြောင့် သူမရဲ့ သဒါ္ဒတရား ကိုအကောင်အထည် ဖော်ခွင့် ရလိုက်တာပဲဖြစ်ပါတယ်။ တိုက်ဆိုင်စွာ လှူရခြင်းဟာလည်း ဆုတောင်းပြည့် တယ်ပဲဆို ရလေမလား။ အလုပ်သိမ်းလာတဲ့ အလုပ်သမားများ ကစုစုပေါင်း (၁၀)ယောက်ရှိပြီး သူမပါလာတဲ့ လက်စွပ် ကလည်း ဆယ်ကွင်းကွက်တိ ဖြစ်နေတာပဲဖြစ်ပါတယ်။ သူမအလှူဒါန ပြုတိုင်းမှာ လှူချင်တာနဲ့ လှူရတဲ့ပစ္စည်း အမြဲမြဲလိုလိုကွက်တိ ဖြစ်နေခဲ့ကာ သူမရဲ့သဒ္ဒါစိတ်အားကို နတ်ကောင်းနတ်မြတ်တွေက သိနေလို့ အတိအကျလွတ် လိုက်တာဖြစ်မယ် လို့ပြောပါတယ်။  

မိဘတွေနဲ့ အတူပါလာတဲ့ ကလေးတွေကိုကြည့်တော့လည်း ဖိနပ်ပါသူကပါ ခြေဗလာနဲ့ဖြစ်သူကဖြစ် ဘဝကို ခက်ခဲစွာ ရုန်းကန်နေကြရတာ မြင်တော့ ဂရုဏာသက်မိပြီး ကလေးတစ်ယောက်ကို မုန့်ဖိုး(၂)သောင်းစီ ပေးလှူခဲ့တယ် လို့သိရပါတယ်။ ကလေးတွေကလည်း အံ့သြဝမ်းသာအကြည့်လေးတွေနဲ့ တစ်ယောက်ကို တစ်ယောက် မယုံနိုင်တဲ့ မျက်လုံးလေးတွေနဲ့ကြည့်နေကြပြီး ပျော်ရွှင်နေခဲ့ရတာပဲဖြစ်ပါတယ်။ ကလေးအုပ်စု ထဲက တစ်ယောက်ကလည်း ဟိုတစ်လောက အန်တီကြီးတစ်ယောက် ခရီးသွားရင်း လမ်းမှာအကျီ ၤတွေမုန့်တွေ ဝေပေးတယ် ကြားဖူးပေမယ့် ဒို့တော့မကြုံဖူးပါဘူး ပြောနေတာ အခုတော့ တကယ်ကြီးကြုံရပြီး "ဒိုတော့ထီးပေါက်တာပဲဟေ့" လို့ ဝမ်းသာ ပျော်ရွှင်စွာ ပြောနေကြတဲ့ စကားသံလေးတွေကြားခဲ့ရတဲ့ အတွေ့အကြုံ လေးတွေကို လည်းသူမရဲ့ လှုမှုကွန်ယက်ကနေ ပြန်လည်မျှဝေပေး ထားတာပဲဖြစ်ပါတယ်။ 

ပြန်ခါနီးမှာတော့ ရင်ထဲကလာတဲ့သူတို့လေးတွေရဲ့ ကျေးဇူးတင် စကားလေးအဖြစ် ကန်တော့ ဂါရဝပြုပြီး နှုတ်ဆက် လိုက်ကြတာပဲဖြစ်ပါတယ်။ သူမလည်း ခုလို ပင်ပန်းဆင်းရဲစွာ ရှာဖွေစားသောက်နေကြရတဲ့ ဘဝက လွတ်မြောက်ပြီး ချမ်းချမ်းသာသာ နေထိုင်သွားနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးခဲ့ပြီး အပျော်မဆုံးနှုတ်မဆုံးတဲ့ သူတို့ရဲ့ ပျော်ရွှင်ဝမ်းသာမှုလေးတွေကို ကြည့်ရင်း သူမရဲ့ ယခုတစ်ကြိမ် အလှူတော်ကြီးဟာ လည်းအောင်မြင် ခဲ့ပြန်ပါပြီ။ အဆိုပါအလှူရှင် ဦးမိုးနှင်းနဲ့ ဒေါ်ခင်မာဝင်း၊သား(မောင်ဉာဏ်ထက်အောင်)တို့ဟာရန်ကုန်မြို့ ၊မီးခွက်ဈေးမှာနေထိုင်ကြတဲ့ A1ရွှေဆိုင်မိသားစုတွဖြစ်ပြီး ယခုလိုလှူဒါန်းမှုတွေကို မကြာခဏ ပြုလုပ်လှူဒါန်း နေကြတယ် လို့ သိရပါတယ်။ ထို့ပြင် ဘာသာတရားလည်း ကိုင်းရှိုင်းပြီး သံဃာတော်များ၊ သက်ကြီးရွှယ်အိုများနဲ့ မရှိဆင်းရဲသား များ၊ လိုအပ်တဲ့ နေရာတွေမှာ လိုက်လံလှူဒါန်း နေကြတဲ့သူတွေဖြစ်ပြီး တကယ်ကို သာဓုခေါ်ဆိုဖွယ် ကြည်နူးဝမ်းသာ ရတာကြောင့် စာဖိတ်ပရိသတ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 

သတင်းအရင်းအမြစ် - Win Mya (Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။