မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ FIFA Club World Cup ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂရီမီရို အသင်းကို ၁ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရဗိုလ်ဆွဲခဲ့ပြီလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခုဖလားကို နှစ်နှစ်ဆက်တိုက်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဂရီမီရိုအသင်းကတော့ ရီးရဲလ်မက်ဒရစ်အသင်းကို ယှဉ်ပြိုင်နိုင်စွမ်းမရှိခဲ့ပေမဲ့ အကောင်းဆုံးပိတ်ဆို့ကစားနိုင်ခဲ့ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းအတွက်တော့ နောက်ထပ်ဆုဖလားတစ်လုံး ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ၅၃ မိနစ်မှာ စီရော်နယ်ဒိုကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။မိနစ် ၇၀ နောက်ပိုင်းမှာ ဗက်ကွက်၊ ဂါရတ်ဘေလ်းတို့ကို လူစားထည့်သွင်းကစားခဲ့ပေမဲ့ စီရော်နယ်ဒိုရဲ့ တစ်လုံးတည်းသောဂိုးနဲ့သာ ကျေနပ်ခဲ့တာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြ ဇီဒန်းကတော့ အသင်းအတွက် နှစ်နှစ်အတွင်း ဆုဖလား ၈ လုံး ရရှိအောင်စွမ်ဆောင်ပေးထားနိုင်တာလည်းဖြစ်ပါတယ်။ချန်ပီယံလိဂ်ဖလား ၂ ကြိမ်၊ FIFA Club World Cup ၂ ကြိမ်၊ လာလီဂါဖလား ၁ ကြိမ်၊ Super Cup ၂ ကြိမ် ၊ စပိန် Super Cup ၁ ကြိမ် ကိုရယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။Congratulation ပါ ရီးရဲလ်မက်ဒရစ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။