ကိုယ်​ဟန်​အမူအရာက လူတစ်​​ယောက်​ကိုဆွဲ​ဆောင်​တဲ့​နေရာမှာအ​ရေးကြီးသလား

ကိုယ်​ဟန်​အမူအရာဟာ လူတစ်​​ယောက်​ကိုဆွဲ​ဆောင်​တဲ့​နေရာမှာ အင်​မတန်​အ​ရေးကြီးတဲ့အရာပါ။ ချစ်​​ရေးချစ်​ရာကိစ္စ​တွေမှာပဲဖြစ်​ဖြစ်​ လူမှုဆက်​ဆံ​ရေးမှာပဲဖြစ်​ဖြစ်​ ကိုယ်​ဟန်​အမူအရာဟာ သိပ်​အ​ရေးကြီးပါတယ်​။

များ​သောအားဖြင်​့ လူ​တွေက Relationshipတစ်​ခုစတင်​​တော့မယ်​ဆိုရင်​

"ငါတို့နှစ်​​ယောက်​ဆက်​ဆံ​ရေးဘာလို့အဆင်​မ​ပြေတာလဲ"

"ငါ့ကို သ​ဘောကျရဲ့လားမသိဘူး"

"ဘာလို့ ငါ့ကိုဖုန်​းမဆက်​တာလဲ" ..အစရှိသဖြင်​့​ ​မေးခွန်​းများစွာကိုယ်​့ကိုကိုယ်​​မေးပြီး သံသယဖြစ်​တတ်​ကြပါတယ်​။

ဒီလိုအချိန်​မျိုး​ရောက်​ပြီဆိိုရင်​​တော့ ကိုယ်​့ရဲ့ကိုယ်​ဟန်​အမူအရာကို ဘယ်​လိုဆွဲ​ဆောင်​မှုရှိ​အောင်​လုပ်​မလဲဆိုတာ စပြီးစဉ်​းစားရ​တော့မှာဖြစ်​ပါတယ်​။

အဆင်​့(၁)

ဦးစွာပထမ အထင်​ကြီးမှုရယူပါ

ဒီအဆင်​့မှာကိုယ်​ဟာ ​ရောက်​​နေတဲ့အ​နေအထားနဲ့ကိုက်​ညီ​အောင်​ကိုယ်​့ရဲ့ ကိုယ်​ဟန်​အမူအရာကို ဘယ်​လို သင်​့​​တော်​​အောင်​သုံးမလဲ သိ​နေရပါမယ်​။ ပြုံး​နေတာပဲဖြစ်​ဖြစ်​၊ ခန္ဓာကိုယ်​ကို Smartကျ​တဲ့အ​နေအထားပြင်​ထိုင်​တာပဲဖြစ်​​ဖြစ်​ ကိုယ်​ဟန်​အမူအရာကို သတိထားရပါမယ်​။ ကိုယ်​့ရဲ့ ဆွဲ​ဆောင်​မှုရှိတဲ့ခန္ဓာကိုယ်​အလှ​ပေါ်တဲ့အဝတ်​အစားဝတ်​ပြီး​တော့ပဲဖြစ်​ဖြစ်​ ကိုယ်​့မှာရှိပြီးသားအလှတရားကို သူမြင်​​အောင်​လုပ်​​ပေးရပါမယ်​။

အဆင်​့(၂)

ဆွဲ​ဆောင်​နိုင်​တဲ့အခိုက်​အတန်​့ကြုံလာရင်​ လက်​မလွှတ်​ပါနဲ့

ဒီအဆင်​့မှာ​တော့ ကိုယ်​နဲ့စကား​ပြော​နေတဲ့သူ အနားနားကိုတိုးကပ်​ပြီးဆွဲ​ဆောင်​ပါ။ သူ​ပြောတာကို ကိုယ်​အာရုံစိုက်​သလိုနဲ့ အနားကိုတိုးပြီးစိတ်​လှုပ်​ရှားဖွယ်​အချိန်​ကိုဖန်​တီးပါ။ သူ​ပြောတာကိုနား​ထောင်​ရင်​း ​ခေါင်​းတညိတ်​ညိတ်​လုပ်​​ပေးဖို့မ​မေ့ပါနဲ့။

အဆင်​့(၃)

သူ့ရဲ့ကိုယ်​ဟန်​အမူအရာ​တွေကို​လေ့လာပါ

ကိုယ်​ကသူ့ကို ဆွဲ​ဆောင်​​နေသလို သူက​ကော ကိုယ်​့ရဲ့ညွတ်​ကွင်​းထဲဝင်​သွားပြီလားဆိုတာ အကဲခတ်​ပါ။ သူစကား​ပြောတာ မြန်​ပြီးဟိုမ​ရောက်​ဒီမ​ရောက်​ဖြစ်​​နေပြီလား၊ မျက်​လုံးအကြည်​့​တွေမငြိမ်​ဘူးလား၊ လက်​ကဟိုဟာ​လျှောက်​ကိုင်​ ဒီဟာ​လျှောက်​ကိုင်​​နေပြီလား? ဒါဆို သူ မင်​းရဲ့ဆွဲ​ဆောင်​မှု​အောက်​​ရောက်​သွားပါပြီ။ မိန်​းက​လေးဆိုရင်​​တော့ ရှက်​​သွေးဖြာတာ၊ ပိုက်​ဆံအိတ်​ကို တင်​းတင်​းကျပ်​ကျပ်​ဖက်​ထားတာမျိုး​တွေဖြစ်​​နေမှာပါ။

Source: Scienceofpeople

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။