ဒီအဘိုးနဲ့အဘွားပုံဟာ သင့်ကိုမျက်ရည်လည်စေမှာ အမှန်ပါပဲ။ ဒီပုံလေးမှာ သေဆုံးတော့မယ့် အဘွားဖြစ်သူရဲ့ လက်ကလေးကို ဆုပ်ကိုင်ထားတဲ့ အဘိုးအိုကိုတွေ့ရမှာပါ။
ဒီပုံကို Redditမှာတင်ခဲ့သူဖြစ်ပြီး မြင်ရသူတိုင်း ရင်ထဲဝမ်းနည်းကြည်နူးရပါတယ်။ အဘိုးအိုဟာ အသက်၁ဝဝနှစ်ရှိပြီဖြစ်ပြီး အဘွားအိုကတော့ အသက် ၉၆နှစ်ပါ။ သူတို့ရဲ့ အိမ်ထောင်သက်ဟာ ရရနှစ်ရှိခဲ့ပြီဖြစ်ပြီး အဘွားအိုမသေဆုံးခင် အဘိုးဟာ သူ့ရဲ့လက်ကလေးကို ကြင်ကြင်နာနာဆုပ်ကိုင်ထားခဲ့တာပါ။ ဒီကိုင်ထားတဲ့ လက်ကလေးမှာ အဓိပါ္ပယ်များစွာပါဝင်နေနိုင်ပါတယ်။ ငါ့အတွက်အမြဲရှိနေပေးလို့ကျေးဇူးပါ။ နောင်ဘဝတို့တွေပြန်ဆုံပါရစေလို့ပဲပြောချင်နေခဲ့တာလား။ ငြိမ်းငြိမ်းချမ်းချမ်း စိတ်ချလက်ချသွားပါအချစ်ရယ် လို့ပဲပြောချင်နေခဲ့တာလား။ ကိုင်ထားတဲ့ လက်ကလေးတစ်စုံဟာ အဓိပ္ပါယ်များစွာကိုဖော်ကြူးနေပါတယ်။
Source : sunnyskyz
Translted by Alexa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။