လူတိုင်းလိုလို သရေကွင်းကို အသုံးပြုကြပါတယ်။အိမ်တိုင်းအိမ်တိုင်း၊ဆိုင်တိုင်းဆိုင်တိုင်းမှာ သရေကွင်းကို အလွယ်တကူဝယ်ယူသုံးစွဲလို့ရတဲ့ ပစ္စည်းတစ်မျိုးလည်းဖြစ်ပါတယ်။သို့သော်လည်း သရေကွင်းကို ဘယ်လိုပြုလုပ် ဘယ်လိုရရှိလာလဲဆိုတာကိုတော့ လူသိအတော်နည်းပါတယ်။

သရေကွင်းကိုတော့ အသုံးပြုကြပေမဲ့ ဒီလိုရရှိလာပုံကိုမေးမြန်းတဲ့သူ မရှိသလောက်ပါပဲ။သရေကွင်းလုပ်ပုံအဆင့်ဆင့်ကို ဗဟုသုတရရှိစေရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။သရေကွင်းလုပ်ရန်ပထမဆုံးကတော့ ပေါင်းထားတဲ့ရာဘာရေထဲသို့ အသင့်ပြုလုပ်ထားတဲ့ သစ်သားတိုင်တွေ နှစ်ထားရပါတယ်။

ထိုနောက်တိုင်ကို ဖြည်းဖြည်းပြန်ဆွဲတင်ပြီး ခဏထောင်ထားရပါတယ်။ထိုနောက် ၁ ရက်နေလှန်းထားပြီး ခြောက်လျှင်အစွပ်ကဲသိုဖြစ်နေပြီး ပြန်ချွန်ရပါတယ်။ပြီးသော် စက်ဖြင့်ဖြတ်တောက်ပြီးရေနွေးထဲမှာ ပြုတ်ထားပါတယ်။ပြုတ်ပြီးသော် ကွင်းအကောင်းနဲ့အပြတ်ပြန်ရွေးပြီး နောက်ဆုံးအဆင့်အနေနဲ့ နေထုတ်လှန်းရပါတယ်။

Source - ဗဟုသုတအဖြာဖြာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။