လိပ်ခေါင်းရောဂါက ဘယ်လိုမျိုးလဲ … ဒီမေးခွန်းက လိပ်ခေါင်းရောဂါ ခံစားနေရသူတိုင်း မေးဖူးတဲ့ မေးခွန်းဖြစ်ပါတယ်။ လိပ်ခေါင်းရောဂါက ၀မ်းချုပ်ရာကနေ စတင်ခဲ့တာဖြစ်ပြီး စအိုဝမှာ သွေးကြောလေးတွေ စုပြီး ဖောင်းတင်းနေရာက ရောဂါဖြစ်လာရပါတယ်။ များသောအားဖြင့် အသက် ၄၀ ကျော်လျှင် ၅၀ % တွင် လိပ်ခေါင်းရောဂါ ရှိနေတတ်ပြီး လူငယ်များတွင်လည်း အမျိုးသားများက အဖြစ်များလေ့ ရှိကြပါတယ်။ မျက်စနှင့် မမြင်နိုင်တဲ့ အတွင်းလိပ်ခေါင်းနှင့် စအိုဝ အပြင်ကို ပြူထွက်နေတဲ့ အပြင်လိပ်ခေါင်းဆိုပြီး လိပ်ခေါင်းရောဂါ ၂ မျိုးရှိပါတယ်။

လိပ်ခေါင်းရောဂါ ဖြစ်စေရတဲ့ အကြောင်းရင်းတွေကတော့

- မျိုးရိုးလိုက်ခြင်း

- အိမ်သာသွားတဲဲ့အခါ အကြာကြီးထိုင်ပြီး ညှစ်လေ့ရှိခြင်း

- ၀မ်းသွားချင်တာကို မသွားဘဲ အောင့်ထားလေ့ရှိခြင်း

- အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

- ၀မ်းချုပ်စေသော အစားအသောက်များကို မကြာခဏ စားသုံးခြင်း

- အစာဟောင်းအိမ် ကင်ဆာ ခံစားနေရခြင်း

သတိထားရမဲ့ အချက်တစ်ခု အနေနဲ့ကတော့ လိပ်ခေါင်းရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွင် အစာဟောင်းအိမ် ကင်ဆာ ကြောင့် ဖြစ်စေတတ်တာကြောင့် လိပ်ခေါင်းရောဂါ ရှိသူတိုင်း ကင်ဆာရောဂါနှင့် တွဲနေခြင်း ရှိ/ မရှိကိုတော့ သတိထားပြီး စစ်ဆေးသင့်ပါတယ်။

လိပ်ခေါင်းရောဂါ ကာကွယ်ဖို့ နည်းလမ်းများ အနေနဲ့ကတော့

- အမျှင်ဓါတ်ကြွယ်သော အစားအစာများကို စားသုံးခြင်း

- ၀မ်းချုပ်စေသော အစားအစာများကို ရှောင်ကြဉ်ခြင်း

- အနည်းဆုံး ဖန်ခွက် ၈ ခွက် ရေသောက်ပေးခြင်း

- အိမ်သွားသွားချင်စိတ် ဖြစ်တဲ့အခါ အောင့်မထားဘဲ ချက်ချင်းသွားခြင်း

- အိမ်သာထဲ ကြာကြာထိုင်တတ်သော အကျင့်ကို ရှောင်ခြင်း

- ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း … တို့ပဲဖြစ်ပါတယ်။

ဒီလိုပြုလုပ်ပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ ဖြစ်ကာစ အချိန်ဆို အလိုလို ပျောက်ကင်းစေတတ်ပြီး အချိန်ကြာ လိ်ပ်ခေါင်းရောဂါ ခံစားနေရသူများ အနေဖြင့်လည်း သက်သာစေပါတယ်။

ကျန်းမာရေးဗဟုသုတများ တစ်နေ့ထက်တစ်နေ့ တိုးပွားရင်း သာယာပျော်ရွှင်သော နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။ 

သတင်းအရင်းအမြစ် - Dr. Tin Shwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။