ပရိသတ်ချစ်တဲ့ ဖြူဖြူထွေးဆိုရင်ဖြင့် သီချင်းလေးနဲ့အတူ မြန်မာဆန်ဆန်လှပနေပါတယ်။သူမဟာ မြန်မာဆန်ဆန်ဝတ်စုံလေးကို ခြုံပဝါလေးနဲ့ကျက်သရေအပြည့်နဲ့ လှပနေပါတယ်။ရွှေဘိုသနပ်ခါးကို ပါးရဲ့တဖက်စီညီညာစွာနဲ့လိမ်းပြီး မန္တလာသူလေးအလားထင်မှတ်ရပါတယ်။

သူမရဲ့ဖေ့ဘုတ်မှာတော့ ဓာတ်ပုံလေးတွေနဲ့အခုလိုပဲရေးသားထားပါတယ် “ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ” ဆိုပြီး သီချင်းလေးနဲ့အညီရွှေဘိုသနပ်ခါးအဖွေးသားနဲ့ ရှုမဆုံးနိုင်အောင်ပါပဲ။သူမဟာ ဖေ့ဘုတ်လူမှုကွန်ယက်မှာတော့ ဆယ်လီတစ်ယောက်ဆိုလည်းမမှားပါဘူး။သူမကိုအားပေးတဲ့ပရိသတ်ရှိသလို ဝေဖန်တဲ့ပရိသတ်တွေလဲ ရှိပါတယ်။သူမကတော့ မနေ့ကပဲ စာလေးတစ်ခုရေးသားခဲ့ပါတယ်။

အဲဒါကတော့ “သစ်ပင်မြင့်ရင် လေတိုက်ခံရတယ် မြက်ပင်သိပ်နိမ့်ရင် သူများနင်းတာခံရတယ် လေတိုက်တာခံမလား? ခြေနင်းတာ ခံမလား? ဆိုတဲ့စကားလေသိပ်ကြိုက်တာပဲ အချစ်တို့ရော ဘယ်ဟာရွေးမလဲ (ကိုးဘွဲ့ရဆရာတော်ဘုရား)” ဆိုပြီးရေးခဲ့ပါသေးတယ်။

Source - phyu phyu htwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။