မိန်းကလေးအများစုက အလှအပကို ဦးစားပေးတတ်ကြပေမဲ့လည်း သတိမမူ ဂူမမြင်ဆိုတဲ့ စကားအတိုင်းပဲ သတိမထားမိဘဲ မကြာခဏ ပြုလုပ်လေ့ရှိတဲ့ အမှားများ ရှိတတ်ပါတယ်။ ဒါ့ကြောင့်ပဲ မလိုလားအပ်တဲ့ ပြသနာတွေကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဒီလိုမဖြစ်ရလေအောင် လှချင်တယ်ဆိုရင် အောက်ဖော်ပြပါ အချက်လေးတွေကို ရှောင်နိုင်ဖို့ နည်းလမ်းကောင်းများကို ဖော်ပြပေးလိုက်ပါတယ်။ 

(၁) မျက်နှာကို မကြာခဏ ကိုင်ခြင်း

အလုပ်လုပ်တဲ့အခါနဲ့ ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်ရတဲ့ အခါ လက်မှာ ပိုးမွှားများ ကပ်ညှိနေပါတယ်။ ဒီလိုအချိန်မျိုးမှာ လက်မဆေးဘဲ မျက်နှာကို မကြာခဏ ပွတ်သပ်မိတာကြောင့် လက်မှာရှိတဲ့ ပိုးမွှားတွေကြောင့် ၀က်ခြံ နှင့် တခြားသော အရေပြားပြသနာများ ဖြစ်စေနိုင်ပါတယ်။

(၂) မှားယွင်းသော ခေါင်းဖြီးနည်းများ

ရှုပ်ပွနေတဲ့ ဆံပင်ကို ဘီးအစိပ်နဲ့ မဖြီးပါနဲ့။ ဆံပင်ရေစိုနေချိန်မှာ ဆံပင်ရဲ့ ဆံသားအမြစ်တွေ လျော့ရဲနေတာကြောင့် ဆံပင်ကို ပိုကျွတ်စေပါတယ်။ ညဘက်မှာ ဦးရေပြားက ထွက်တဲ့ အဆီနဲ့ ဆံသားကို နှံ့စပ်စွာ ထိသင့်တာကြောင့် အိပ်ရာမဝင်ခင် ခေါင်းဖြီးပြီးမှ အိပ်ပါ။

(၃) နေ့တိုင်းခေါင်းလျှော်ခြင်း

နေ့တိုင်းခေါင်းလျှော်ခြင်းက ဆံသား အဆီအနှစ်တွေ ကုန်ခမ်းစေပြီး ဆံသား ခြောက်သွေ့စေပါတယ်။ ဆံသား ကျန်းမာရေး ကောင်းဖို့အတွက် နေ့တိုင်း ခေါင်းမလျှော်သင့်ပါဘူး။

(၄) ဆံပင်ကို သားရေကွင်းနှင့်စည်းခြင်း

ရိုးရိုး သာရေကွင်းနဲ့ ခေါင်းစည်းခြင်းက ဆံပင်ကို သိမ်စေရုံသာမက ပြန်ဖြည်တဲ့အခါမှာလည်း ဆံပင်ကျွတ်ခြင်း၊ ဆံသားပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။

(၅) လက်မွှေး၊ ခြေမွှေးများရိတ်ခြင်း

သဘာဝအတိုင်း လက်မွှေး၊ ခြေမွှေးများ ရှည်နေတာက ကြည့်ရဆိုးတယ်လို့ ထင်ပြီး လက်မွှေး၊ ခြေမွှေးများကို ရိတ်ပစ်လိုက်တဲ့အခါ အမွှေးကြမ်းတွေ ထွက်လာပြီး ပိုပြီး အရှည်မြန်ပြီး အုံထူသွားစေနိုင်ပါတယ်။

(၆) နေပူထဲသို့ အကာအကွယ်မဲ့ သွားလာခြင်း

နေပူထဲကို သွားတဲ့အခါ ဦးထုပ်၊ ထီး၊ လက်ရှည် စတဲ့ အကာအကွယ်မဲ့ သွားခြင်းက ခန္ဓာကိုယ် အသားအရေကို ပျက်စီးစေတဲ့အပြင် မျက်နှာပေါ်တွင်လည်း တင်းတိပ်များ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ကြောင့် နေပူထဲကို အကာအကွယ်မဲ့ သွားခြင်းကတော့ လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။

(၇) ဓါတ်မတည့်တဲ့ အစားအသောက်များကို သတိမထားမိခြင်း

ဘယ်လို အစားအသောက်မျိုး၊ ဆေးဝါးမျိုး စသည်ဖြင့် ဓာတ်မတည့်တဲ့ အရာကို ဆိုတာကို သိထားသင့်ပါတယ်။ အများစုကတော့ allergic ကို သတိမထားမိတာကြောင့် အစားအသောက်တွေ မဆင်မခြင် စားသုံးမိတဲ့ အခါ မလိုလားအပ်တဲ့ ပြသနာတွေကို ရင်ဆိုင်ရပါတယ်။ ဓာတ်မတည့်တဲ့ လက္ခဏာက မျိုးစုံ ပြနိုင်တာမို့ ကိုယ်နဲ့ ဘယ်အရာက ဓာတ်မတည့်လဲ ဆိုတာကို သိထားပြီး သတိထား ရှောင်ကြဉ်သင့်ပါတယ်။

အရင်က သတိမထားမိဘဲ လုပ်ဖြစ်ခဲ့တယ်ဆိုရင်လည်း နောင်မှာ သတိထားဖို့ တိုက်တွန်းချင်ပါတယ်။ ဖော်ပြပါ အချက်များကို သိရှိပြီးနောက်မှာတော့ လှပဖို့အတွက်က လက်တကမ်းပဲ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အလှအပရေးရာ အချက်များကို ဗဟုသုတများအဖြစ် သူငယ်ချင်းတွေကိုလည်း မျှဝေပေးလိုက်ပါဦးနော်။ 

Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။