အနုပညာလောကရဲ့ ထိပ်တန်းစာရင်းဝင် မင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိသူလည်းဖြစ်တဲ့ မင်းသမီးတွေထဲမှာ ဝတ်မှုန်ရွှေရည်က ထိပ်ဆုံးကပါဝင်ပါတယ်။ အနုပညာသားတိုင်း မြတ်နိုးတန်ဖိုးထားရတဲ့ အကယ်ဒမီဆု နှစ်ဆုကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး ဖက်ရှင်နဲ့ပတ်သတ်ပြီး ပရိသတ်တွေ သဘောကျနှစ်သက်ရတဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။ 

ရွှေကစ်ဟာ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ အလှဓာတ်ပုံလေးတွေကို သူမရဲ့ instagram နဲ့ Facebook Fan page တွေမှာ တင်ပေးလေ့ရှိပါတယ်။ နောက်ဆုံးသူမတင်ထားတဲ့ ပုံလေးကတော့ X'Mas သစ်ပင်လေးနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို သူမကတင်ထားပါတယ်။ ဒီ ဓာတ်ပုံလေးအောက်မှာတော့ မင်းသမီးဝင့်ယမုံလှိုင်က "chit u so much mama" ဆိုပြီး comment ဝင်ရောက်ရေးသားထားပါတယ်။

ရွှေကစ်ကတော့ "I chit u much too" ဆိုပြီး အနမ်း emoji လေးနဲ့ ချစ်စရာကောင်းအောင် reply လုပ်ပေးထားတာတွေ့ရပါတယ်။ လက်ရှိမှာတော့ သူမဟာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေပြီး မကြာခင်ကရုံတင်ခဲ့တဲ့ "ထာဝရ အမေ" ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်အားပေးမှုကို ရရှိခဲ့ပါတယ်။ နောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်ကားကတော့ နိုုင်းနိုင်း ဒေါင်းတို့နဲ့အတူ "လိပ်ပြာစံအိမ်" ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးထားပြီး ဒီဇာတ်ကားကိုတော့ "From Bangkok to Mandalay" ဇာတ်ကား ဒါရိုက်တာနဲ့ ရိုက်ကူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

Source: Wut Hmone Shwe Yi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။