မြန်မာ့လက်ရွေးစင်တိုက်စစ်အတွဲဖြစ်တဲ့ကျော်ကိုကိုနဲ့အောင်သူဟာနောက်နှစ်ဘောလုံးရာသီမှာစိန်ခေါ်မှုတွေပြည့်နှက်နေတဲ့ထိုင်းပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ကစားတော့မှာပါ။သူတို့နှစ်ယောက်ထိုင်းလိဂ်ကိုပြောင်းသွားတာဟာမြန်မာ့လက်ရွေးစင်အသင်းအတွက်ကောင်းမွန်ပေမယ့်မြန်မာနေရှင်နယ်လိဂ်အတွက်တော့ရှင်နည်းရာအဂ္ဂလူထွက်ကိန်းဆိုက်သွား

ပါတယ်။နဂိုကမှပရိသတ်စိတ်ဝင်စားမှုနည်းနေရတဲ့အထဲ

Icon ကစားသမားတွေထွက်သွားတာဟာနေရှင်နယ်လိဂ်အတွက်တော့မကောင်းပါဘူး။

ဘယ်လိုပဲဆိုဆိုအာရှမှာထိပ်တန်းလိဂ်တစ်ခုဖြစ်တဲ့ထိုင်းလိဂ်မှာအောင်သူရောကျော်ကိုကိုရောစိန်ခေါ်မှုတွေဒင်းကြမ်း

ကြုံတွေ့ကြရမှာပါ။သူတို့နှစ်ယောက်ကြံုတွေ့နိုင်မယ့်

အခြေအနေအရပ်အရပ်ကိုဆန်းစစ်ကြည့်ကြရအောင်။

အောင်သူကိုခေါ်တဲ့Police Teroဟာလက်ရှိအနေအထားအရကျော်ကိုကိုရဲ့ကလပ်ချင်ရိုင်းထက်အစစအရာရာအားနည်းနေပါတယ်။ချင်ရိုင်းဟာ

ထိုင်းFAဖလားကိုဆွတ်ခူးထားပြီးအာရှချန်ပီယံလိဂ်Play-Off

ကစားခွင့်ရထားပါတယ်။တယ်ရိုကတော့တန်းဆင်းဇုန်အထက်နားမှာသာရပ်တည်နိုင်ခဲ့တာပါ။

နောက်တစ်ချက်ကပွဲထွက်ခွင့်ပါ။တိုက်စစ်မှုးကောင်းရှားပါးတဲ့တယ်ရိုမှာအောင်သူအနေနဲ့အလွယ်တကူပွဲခွက်ခွင့်ရနိုင်ပေမယ့်ချင်ရိုင်းမှာတော့ထိုင်းလိဂ်ရဲ့

ထိပ်တန်းတိုက်စစ်မှူးတွေများတာကြောင့်ကျော်ကိုကိုအနေနဲ့ပွဲထွက်ခွင့်ရရေးရုန်းကန်ရနိုင်ပါတယ်။တစ်ခုရှိတာကချင်ရိုင်းဟာ

ကျော်ကိုကိုကိုမရခင်ကမ္ဘောဒီးယားတောင်ပံတိုက်စစ်မှူး

ချန်ဗန်သာနာကာကိုလိုက်ခဲ့တဲ့အချက်ပါ။ချန်ဗန်သာနာကာကချင်ရိုင်းကိုမလာဘဲမလေးလိဂ်ကို

ပြောင်းသွားပါပြီ။ချင်ရိုင်းအနေနဲ့ကျော်ကိုကိုကိုတိုက်စစ်မှူး

ထက်စာရင်တောင်ပံတိုက်စစ်သမားအဖြစ်ပွဲထွက်စေ

မယ်ဆိုရင်တော့သူ့အတွက်အဆင်ပြေပါမယ်။ဒီနှစ်ဦး

ဟာမြန်မာ့လက်ရွေးစင်မှာကစားဖော်တွေဖြစ်ပေမယ့်

ထိုင်းလိရ်မှာတော့ပြိုင်ဘက်တွေအဖြစ်ရင်ဆိုင်ကြရတော့မှာပါ။AT9နဲ့K3ဘယ်သူပိုမိုတောက်ပလာမလဲဆိုတာတော့...

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။