"လေထဲအိမ်" ဆိုတဲ့သီချင်းလေးကို ဘန်နီဖြိုးနဲ့အတူ တွဲဖက်သီဆိုထားတဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ အဆိုတော်မလေး အမရာဘုဏ်းအကြောင်းကို ပြန်လည်မျှဝေချင်ပါတယ်။ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နိုင်အောင် ကြိုးစားနေတဲ့ အမရာဘုဏ်းပါ။ လူငယ်တွေရဲ့နှုတ်ဖျား ခုထိရေပန်းစားနေတဲ့ သီချင်းလေးတစ်ပုဒ်ကို ဝါရင့်အဆိုတော်ဘန်နီဖြိုးနဲ့ အတွဲညီစွာ သီဆိုနိုင်ခဲ့သူတစ်ယောက်ပါပဲ။

ငယ်ရွယ်ပေမယ့်လည်း ထူးခြားကာ ဆွဲဆောင်မှုရှိတဲ့အသံနဲ့ ပရိသတ်ကို ဖမ်းစားနိုင်ကာ အခုလတ်တလောမှာတော့ မကြာမီထွက်ရှိလာမယ့် သူမရဲ့အယ်ဘမ်သစ်အတွက် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ သူမရဲ့ တေးအယ်ဘမ် အသစ်ကိုတော့ ဘန်နီဖြိုး၊ X Box ၊လွမ်းပိုင်နဲ့ G-Fatt တို့က ပါဝင်အားဖြည့်ပေးထားတယ်လို့ သိရပါတယ်။

သူမကို သိတဲ့ပရိသတ်များရှိသလို မသိရှိသေးတဲ့ ပရိသတ်များစွာလဲ ရှိနေသေးတာကြောင့် ရင်းရင်းနှီးနှီးရှိလိုတဲ့ အနေနဲ့ Amera Hpone ဆိုတဲ့ page လေးကိုဖွင့်ထားပါတယ်လို့ ဆိုပါတယ်။ အမရာဘုဏ်းဆိုတဲ့ နာမည်လေးသာကြားဖူးပြီး လူကိုမမြင်ဖူးသေးတဲ့ သူမရဲ့ပရိတ်သတ်တွေအတွက် ချစ်ဖို့ကောင်းတဲ့ ပုံလေးတွေကိုစုစည်းဖော်ပြလိုက်ရတယ်။

Source - Amera Hpone FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။