နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး အကယ်ဒမီဆုတွေအများကြီးပိုင်ဆိုင်ထားတဲ့ ပြည်သူ ချစ်အနုပညာရှင်ဖြစ်တဲ့ ရန်အောင်ဟာဆိုရင် သူ့ရဲ့နုပျိုခြင်းးလျို့ဝှက်ချက်ကို ထုတ်ဖော်ပြော ပြခဲ့ပါတယ်။ ဇာတ်ကားပေါင်းများစွာကိုရိုက်ကူးထားခဲ့ပြီး ယခုချိန်ထိတိုင်အောင်မြင်မှုကို မလျော့ပဲ ထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ပါ တယ်။ မျက်နှာကိုခွဲစိတ်ပြုပြင်တာတွေမလုပ်ခဲ့ပဲ ပိုကြည့်ကောင်းအောင် မျက်နှာပေါင်းတင် တာတစ်ချို့လောက်ပဲလုပ်ဖြစ်တယ်လို့ဆိုပါတယ်။ လူပျိုလူလွတ်တစ်ဦးလည်းဖြစ်တာကြောင့် ကိုယ်ပိုင်ဘဝနဲ့ အေးအေးဆေးဆေးဖြတ်သန်း နိုင်တာမို့ နုပျိုတာလည်းပါတယ်လို့ဆိုပါတယ်။

2018 ခုနှစ်အလယ်ပိုင်းလောက်မှာ ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုထူထောင်ဖြစ်မယ်လို့ ဆိုပါ တယ်။ 2018 ထဲမှာပဲ ဂီတဖျော်ဖြေပွဲလေးတစ်ခုထပ်လုပ်ဖြစ်မယ်လို့လည်းဆိုပါတယ်။ ထုတ် လုပ်သူလုပ်ငန်းကို လုပ်ကိုင်ဖို့အတွက်က သေချာဂဂနဏသိပ်မသိသေးတာကြောင့် တတ်သိ နားလည်တဲ့ လူကြီးတွေနဲ့ ဆွေးနွေးတိုင်ပင်နေတယ်လို့ဆိုပါတယ်။ ထုတ်လုပ်သူလုပ်တာဟာ လည်း စီးပွားရေးလုပ်တာဖြစ်လို့ စီးပွားရေးနဲ့ကိုက်ညီမယ့် ဇာတ်ကားမျိုးတွေကိုပဲ လုပ်ဖြစ်မယ် လို့ဆိုပါတယ်။ ထုတ်လုပ်သူလုပ်မယ်ဆိုရင်တောင် ကိုယ်ခွဲမရှိလို့ သိပ်အဆင်မပြေဘူးလို့ ဆိုပါတယ်။ ယုံကြည်ရတဲ့လူတစ်ယောက် လိုအပ်တယ်လို့ဆိုပါတယ်။ သူ့အနေနဲ့ ရုပ်ရှင် ကားတွေဆက်ရိုက်ဖြစ်နေမှာကြောင့် ထုတ်လုပ်ရေးဖက်ကို သေချာအသေးစိတ်လိုက် မကြည့်နိုင်ဘူးလို့ဆိုပါတယ်။

သရုပ်ဆောင်လုပ်ငန်းဟာ ကိုယ်တိုင်အားစိုက်ပြီး ကိုယ်တိုင်လုပ်လို့ရတဲ့လုပ်ငန်းတစ်ခုဖြစ် တာကြောင့် အမြဲတမ်းဆက်လုပ်ဖြစ်နေမယ်လို့ဆိုပါတယ်။ ထုတ်လုပ်သူလုပ်ငန်းအတွက်ကို တတ်သိနားလည်တဲ့ ဆရာတစ်ချို့နဲ့တိုင်ပင်နေပြီး အရည်အသွေးလည်းရှိ အမြတ်အစွန်း လည်းရမယ့် ဇာတ်ကားမျိုးတွေကို ရိုက်ကူးမယ်လို့ဆိုပါတယ်။ တတ်သိနားလည်တဲ့သူတွေကို ယုံကြည်တာမို့ ပုံအပ်ထားတယ်လို့ သရုပ်ဆောင်ရန်အောင်က Interview တစ်ခုမှာ ဖြေ ကြားခဲ့ပါတယ်။

Source – Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။