နာမည်ကျော်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်တစ်ယောက် မင်္ဂလာဆောင် တစ်ခုကို တက်ရောက်နေတဲ့ပုံရိပ်တွေကို သူမရဲ့ Facebook လူမှုကွန်ယက်မှာ တင်ထား တာ ဖြစ်ပါတယ်။ ဆွဲဆောင်မှုအပြည့်အဝရှိတဲ့သူမရဲ့ပုံရိပ်တွေက မြင်သူတိုင်းကြွေဆင်း လောက်အောင်ကိုလှနေပါတယ်။ အကယ်ဒမီရွှေစင်ရုပ်ထုကိုလည်း နှစ်ဆုအထိ ပိုင်ဆိုင် ထားသူ ဖြစ်ပြီး အောင်မြင်တဲ့ ထိပ်တန်းစာရင်းဝင်မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။ အောင်မြင်တဲ့မင်းသမီးဖြစ်တာနဲ့အညီ သူမရဲ့အလှအပထိန်းသိမ်းမှုကလည်း အံ့မခန်းပါပဲ။ အချိန်တိုင်းအမြဲတမ်း လှပနေတဲ့သူမရဲ့ ပုံရိပ်တွေက တကယ့်ကိုအကြွေဇယားပါပဲ။

သူမဟာ မြန်မာပြည်မွာ Instrgram Follower အများဆုံးရရှိထားတဲ့ ထိပ်တန်းမင်းသမီး တစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့မင်္ဂလာညစာစားပွဲဝတ်စုံက ရိုးရိုးလေးနဲ့လှလွန်းနေတဲ့ပုံစံ လေးပါပဲ။ မျက်စိမရှုပ်ပဲရှင်းရှင်းလေးနဲ့ကို အလှတွေပေါ်လွင်နေပါတယ်။ အသားရောင် ပိတ်စပေါ်မှာ အနက်ရောင်ဇာပါးကို ထပ်ချုပ်ထားပြီး လက်ပြတ်ဂါဝန်ရှည်ပဲဖြစ်ပါတယ်။ လက်အနားလေးတွေမှာ အတွန့်လေးတွေနဲ့ ပုံဖော်ထားပြီး ရင်ညွှန့်နားလေးထိ ခပ်ဟိုက် ဟိုက်လေးနဲ့ ဆွဲဆောင်မှုရှိရှိ ချုပ်ထားတဲ့ ဝတ်စုံလေးပါပဲ။ သူမရဲ့အလှကိုပိုမိုပေါ်လွင် စေတဲ့ဝတ်စုံလေးကြောင့် အများတကာအလယ်မှာ သူမက ထင်ထင်ရှားရှားလေးပါပဲ ပရိတ်သတ်ကြီးရေ။

သူမရဲ့ Facebook မှာ Me at beautiful wedding ဆိုပြီး သူမရဲ့စွဲမက်ဖွယ်ပုံရိပ်တွေကို တင်ထားတာ ဖြစ်ပါတယ်။ လှပလွန်းတဲ့သူမရဲ့ခန္တာကိုယ်ပေါ်မှာ စွဲမက်ဖွယ်ကောင်း လောက်အောင် အလှဆင်ထား တဲ့ အင်္ကျ ီလေးနဲ့ လိုက်ဖက်စွာပဲ အမိုက်စား Pose တွေ ပေးနေတဲ့ မင်းသမီးဝတ်မှုန်ရွှေရည်ရဲ့ လှလွန်းတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီး အတွက် အပြေးလေးတင်ဆက်ပေးလိုက်ပါပြီနော်။

Photo – Wutt Hmone Shwe Yi’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။