မလေးရှားအသင်း ပြိုင်ပွဲမှထွက်လျှင် အရေးယူခံရမည်ဟု အာဆီယံဘောလုံးအဖွဲ့ချုပ် သတိပေး

ဆူဇူကီးဖလားပြိုင်ပွဲအုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်နေသည့် မလေးရှားနှင့်ဗီယက်နမ်အသင်း (ဓာတ်ပုံ − နစ်ကီ)

မလေးရှားအသင်းက ဆူဇူကီးဖလား အုပ်စုနောက်ဆုံး ပွဲစဉ်ကို မကစားဘဲ ဆန္ဒပြခြင်း မပြုရန် အာဆီယံဘောလုံးအဖွဲ့ချုပ် က တိုက်တွန်းပြီး ဆက်လက်မယှဉ်ပြိုင်ပါက နောင်ပြိုင်ပွဲများ တွင် လက်ရွေးစင်အသင်းကို ဝင် ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်သွား မည်ဖြစ်ကြောင်း သတိပေးပြော ကြားလိုက်သည်။

မလေးရှားအနေဖြင့် အုုပ်စု နောက်ဆုံးပွဲ မကစားဘဲ ဆန္ဒပြ ခဲ့ပါက အာဆီယံဘောလုံးအဖွဲ့ချုပ် ၏ စည်းမျဉ်းစည်းကမ်းများအရ နောင်လာမည့် ဆူဇူကီးဖလားပြိုင်ပွဲ နှစ်ကြိမ်တိုင် ပိတ်ပင်ခံရမည်ဖြစ်ကြောင်း အာဆီယံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒါတွတ်အဇူဒင်က နိုဝင်ဘာ ၂၄ ရက်က ပြောကြားသည်။ တစ်ဆက်တည်း ပြိုင်ပွဲမှမထွက်ရန်လည်း ၎င်းက မလေးရှားကို တိုက်တွန်းသည်။

‘‘ကျေးဇူးပြုပြီးတော့ ဘော လုံးပြိုင်ပွဲမှာ ဒါတွေ ယူမလာစေ ချင်ဘူး။ မလေးရှားအနေနဲ့ ဆန္ဒ ပြချင်တယ်ဆိုရင် ပြလို့ရတဲ့ အ ခြားနည်းလမ်းတွေ အများကြီးရှိ တယ်’’ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအပေါ် မြန်မာအစိုးရ၏ ပြုမူဆက် ဆံနေခြင်းများကို သပိတ်မှောက် ဆန္ဒဖော်ထုတ်သည့်အနေဖြင့် ဆူ ဇူကီးပြိုင်ပွဲတွင် ဆက်လက်ယှဉ် ပြိုင်ခြင်းမပြုရန် မလေးရှားလူငယ်နှင့် အားကစားဝန်ကြီး၏ ပြော စကားကို ထည့်သွင်း၍ နိုဝင်ဘာ ၂၃ ရက်က မလေးရှားမီဒီယာအ ချို့နှင့် နိုင်ငံတကာမီဒီယာအချို့ က ဖော်ပြခဲ့သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒါတွတ်အဇူဒင် (asiana.my)

မလေးရှားအသင်းအနေဖြင့် ပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်၊ မယှဉ်ပြိုင်ကို နိုဝင်ဘာ ၂၅ ရက်တွင် အစိုးရအဖွဲ့က ဆုံးဖြတ်မည်ဖြစ်သည်။ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ပါက ပြိုင်ပွဲစည်းကမ်းအရ မြန်မာအသင်းကို ၃-၀ ဂိုးဖြင့် အရှုံးပေးရမည်ဖြစ်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏ အရေးယူပြစ်ဒဏ်ချမှတ်ခြင်းလည်း ခံရမည်ဖြစ်သည်။

‘‘မလေးရှားအသင်းက ပြိုင် ပွဲမှာ ဆက်ပြီးနေမှာပါ။ ဘာ ကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်ရ မှာလဲ’’ဟု မလေးရှားအသင်း မန် နေဂျာ ဟာမီဒင်ဟာရီမိုဟာမက် အမင်က နိုဝင်ဘာ ၂၃ ရက်တွင် ပြောသည်။

ထို့အတူ မလေးရှားအသင်း နည်းပြ အွန်ကင်ဆွီးကလည်း ပြိုင် ပွဲ ဆက်လက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်းနှင့် မြန်မာနှင့် ယှဉ်ပြိုင်ရ မည့် အုပ်စုနောက်ဆုံးပွဲစဉ်ကို ဂရုစိုက်ပြင်ဆင်မည်ဖြစ်ကြောင်း ဗီယက်နမ်အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည့် ပွဲစဉ်အပြီး မီဒီယာများအားပြောသည်။

နိုဝင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်းနှင့် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းများ၌ ကျင်းပနေသည့် ဆူဇူ ကီးဖလား အုပ်စု(ခ)တွင် မြန်မာ၊ မလေးရှား၊ ဗီယက်နမ်နှင့် ကမ္ဘော ဒီးယားအသင်းတို့ ပါဝင်ယှဉ်ပြိုင် လျက်ရှိသည်။

လက်ရှိတွင် အုပ်စု(ခ)နှစ်ပွဲ စီ ယှဉ်ပြိုင်အပြီး ဗီယက်နမ်အ သင်းက အကြိုဗိုလ်လုပွဲသို့ တက် ရောက်ခဲ့ပြီး မြန်မာနှင့် မလေးရှားအသင်းတို့သည် အကြိုဗိုလ်လုပွဲ တက်ရောက်ခွင့် တစ်နေရာအ တွက် အဆုံးအဖြတ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စုနောက်ဆုံး ပွဲစဉ်များကို နိုဝင်ဘာ ၂၆ ရက် ညနေ ၆ နာရီတွင် တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်ပြီး ဝဏ္ဏသိဒ္ဓိကွင်း ၌ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား၊ သုဝဏ္ဏကွင်း၌ မြန်မာနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ် သည်။ မြန်မာက သရေတစ်မှတ်ရရှိရုံဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။

‘‘တကယ်ပြောခဲ့တယ်ဆိုရင် တော့ တာဝန်ရှိသူတစ်ယောက်အနေနဲ့ မပြောသင့်၊ မပြောအပ်တဲ့ စကားပေါ့။ အားကစားပြိုင်ပွဲ ကျင်းပတာ ချစ်ကြည်ရင်းနှီးမှုရှိဖို့ ပြုလုပ်ပေးတာ။ နိုင်ငံရေး၊ ဘာ သာရေး၊ လူမျိုးရေး အားလုံးမရောထွေးရဘူး။ တကယ်ပြောခဲ့ လားဆိုတာ အာရှဘောလုံးအဖွဲ့ ချုပ်က တာဝန်ရှိသူတွေ စုံစမ်းရ မှာပေါ့’’ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်း ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ကြိုင်ကပြောသည်။

ဒေသတွင်း အင်ဒိုနီးရှားအ သင်းသည် အစိုးရ၏ ဝင်ရောက် စွက်ဖက်မှုရှိခဲ့၍ နိုင်ငံတကာပြိုင် ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို တစ်နှစ်တိတိ ပိတ်ပင်ခံခဲ့ရဖူး သည်။

Source: 7days News Journal

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။