မြန်မာလက်ရွေးစင်တိုက်စစ်မှူးသန်းပိုင်ဟာနေမကောင်း

ဖြစ်နေပါတယ်။ရန်ကုန်ယူနိုက်တက်တိုက်စစ်မှူးသန်းပိုင်ဟာ

အစာအိမ်အူအတက်ပေါက်တာကြောင့်ခြောက်လခန့်

အနားယူရမယ်လို့ရန်ကုန်မီဒီယာတာဝန်ခံဦးမျိုးမြင့်သောင်း

ကပြောပြပါတယ်။သန်းပိုင်ဟာဒီသတင်းတွေကိုပရိသတ်တွေ

စိတ်ပူမှာစိုးလို့မပြောပြပဲထားခဲ့တာလို့ဆိုပါတယ်။

သန်းပိုင်အတွက်စိတ်မကောင်းစရာနောက်တစ်ခုက

ခြောက်လလောက်အနားယူရမှာဖြစ်တဲ့အတွက်မြန်မာ့လက်ရွေးစင်ပွဲတွေသာမကမြနိမာနေရှင်နယ်လိဂ်ပကျော့ကိုပါသန်းပိုင်လွှဲချော်တော့မှာပါ။

သန်းပိုင်ဟာအစာအိမ်အူအတက်ပေါက်တာကိုဒီဇင်ဘာ

15ရက်နေ့ကအာရှတော်ဝင်ဆေးရုံမှာခွဲစိတ်မှုပြုလုပ်ခဲ့တယ်

လို့သိရပါတယ်။ခွဲစိတ်မှုဟာအောင်မြင်ခဲ့တယ်လို့သိရပြီး

လှုပ်လှုပ်ရှားရှားတော့လုပ်လို့မရဘူးလို့ဆိုပါတယ်။

ရန်ကုန်အသင်း မီဒီယာတာဝန်ခံအနေနဲ့အဆိုပါ

သတင်းကိုဝန်ခံသွားခဲ့ပြီးသန်းပိုင်ဟာရန်ကုန်အသင်းရဲ့လိဂ်ပွဲ

စဉ်တွေကိုလွှဲချော်သွားဖို့များတယ်လို့ပြောသွားခဲ့ပါတယ်။

ရန်ကုန်တိုက်စစ်မှာနေရာရဖို့ကြိုးစားနေတဲ့သန်းပိုင်အတွက်

တော့ဒီသတင်းစိတ်မကောင်းဖြစ်စရာဖြစ်ခဲ့ရပါတယ်။

သန်းပိုင်နာမကျန်းမှုကြောင့်သန်းပိုင်ကိုရန်ကုန်ကနေ

အဌားခေါ်ယူဖို့ကြိုးစားနေတဲ့မဟာယူနိုက်တက်အသင်းနဲ့

အပြောင်းအရွှေ ့ဇာတ်လမ်းတစ်ခန်းရပ်သွားဖို့များနေပါပြီ။

သန်းပိုင်ဟာယူ-20ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မြန်မာအသင်းရဲ့

တိုက်စစ်သူရဲကောင်းတစ်ဦးဖြစ်ပြီးမြန်မာပရိသတ်ရဲ့

အသဲကျော်ပါ။မြန်မာယူ-23၊မြန်မာ့လက်ရွေးစင်အသင်း

ကြီးတွေထဲမှာလည်းလက်ရွေးစင်တစ်ဦးဖြစ်ပါတယ်။

အောင်သူမရှိတော့တဲ့မြန်မာယူ-23မှာဆိုသန်းပိုင်ကို

တိုက်စစ်ကိုအဓိကဦးဆောင်မယ့်သူအဖြစ်ပရိသတ်တွေမျှော်

လင့်ခဲ့ကြပါတယ်။ဒါပေမယ့်ပစက္ခအခြေအနေအရတော့

စိတ်မကောင်းစရာပါ။သန်းပိုင်အမြန်ဆုံးနေကောင်းလာပါစေ။

Sourcee-YUFC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။