လက်ရှိမြန်မာယူ-21ဟာလာမယ့်ဖိလစ်ပိုင်ဆီးဂိမ်းကို

ဝင်ရောက်ယှဉ်ပြိုင်ဖို့ရည်သန်ပြီးဖွဲ့စည်းထားတဲ့

အသင်းတစ်သင်းပါ။ယူ-18ကစားသမားတွေကို

ဒေါက်တိုင်ထားပြီးဖွဲ့စည်းထားတဲ့မြန်မာယူ-21ကို

လက်ရှိကိုင်တွယ်နေသူကနည်းပြကြီးဦးကြည်လွင်ပါ။

မထင်မှတ်တာတွေလုပ်ပြတတ်တဲ့ဦးကြည်လွင်ဟာ

စင်ကာပူဆီးဂိမ်းတုန်းကလည်းမြန်မာယူ-23အသင်းကို

ငွေတံဆိပ်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

မစ္စတာဂတ်လက်ထက်မှာတော့မလေးရှားဆီးဂိမ်းမှာ

မြန်မာအသင်းစတုတ္ထသာရရှိခဲ့ပါတယ်။

မြန်မာယူ-21ကိုကိုင်တွယ်ဖို့ဦးကြည်လွင်ကိုယာယီ

နည်းပြအဖြစ်သာခန့်အပ်ခဲ့ပေမယ့်အခုအခါမှာတော့

တရားဝင်နည်းပြအဖြစ်ခန့်အပ်တော့မယ်လို့သိရပါတယ်။

ဦးကြည်လွင်ရဲ့မြန်မာယူ-21ဟာဗီယက်နမ်ဖိတ်ခေါ်ဖလားမှာ

တောက်ပတဲ့ခြေစွမ်းတွေကိုထုတ်ပြနိုင်ခဲ့ပြီးမနိုင်တာကြာပြီ

ဖြစ်တဲ့ထိုင်းယူ-21ကိုအနိုင်ကစားခဲ့ပါတယ်။ထိုင်းကို

အနိုင်ရခြင်းနဲ့အတူမြန်မာ့ဘောလုံးပရိသတ်တွေရဲ့

လက်ခုပ်သံကိုဦးကြည်လွင်ရယူနိုင်ခဲ့ပါတယ်။

ပရိသတ်အားပေးမှုရရှိနေတဲ့သူ့ကိုMFFကလည်း

အမြဲတမ်းနည်းပြအဖြစ်တာဝန်ပေးဖို့ဆုံးဖြတ်ခဲ့တာ

ဖြစ်ပါလိမ့်မယ်။

ဦးကြည်လွင်ဟာမထင်မရှားလူငယ်လေးတွေကို

မြေတောင်မြောက်ပေးရာမှာထင်ရှားသူတစ်ဦးပါ။

သူဦးဆောင်တဲ့အသင်းတိုင်းမှာနာမည်ကြီး

ကစားသမားမပါပဲအမြဲလိုလိုအောင်မြင်မှုတွေ

ရတတ်ပါတယ်။ဦးကြည်လွင်ကိုလူငယ်လက်ရွေး

စင်အသင်းမှာနည်းပြဖို့တာဝန်ပေးခဲ့တဲ့MFFရဲ့

ဆုံးဖြတ်ချက်ကိုတော့ကြိုဆိုရမှာပါ။ဦးကြည်လွင်နဲ့အတူ

၂၀၁၅စင်ကာပူဆီးဂိမ်းစ်

ပြိုင်ပွဲ ငွေတံဆိပ်ဆုရ အုပ်ချုပ်/နည်းပြအဖွဲ့ဖြစ်သည့် အုပ်ချုပ်သူဦးသန်းတိုးအောင်နှင့် လက်ထောက်နည်းပြ ဦးကျော်လွင်ကို တာဝန်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

ဦးကြည်လွင်တို့အဖွဲ့ဖိလစ်ပိုင်ဆီးဂိမ်းမှာအောင်ပွဲဆင်နိုင်ပါစေ

Source -MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။