လှချင်တယ်ဆို နည်းနည်းတော့ အပင်ပန်းခံရမှာပေါ့နော်။ ၁၀ပေါင်အောက်လဲကျနိုင်သလို ၁၆ပေါင်ထိလဲ ကျနိုင်ပါတယ်။ ဝိတ်လျော့ဖို့ ညစာမစားပဲနေမယ် အစားလျော့စားမယ်ဆိုတဲ့ ရိုးလွန်းတဲ့ နည်းလမ်းတွေကိုဖယ်ရှားလိုက်ပါတော့။ အခုပြောပြပေးမယ့် ၇ရက်စာ စားသောက်ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးလိုက်ပါတယ်။

Day 1

တနေ့လုံးကို ကြိုက်နှစ်သက်ရာ သစ်သီး စားပါ။ သစ်သီးမှလွဲ၍ တခြားဘာမှမစားရပါ။ (ငှက်ပျောသီးနဲ့ ထောပတ်သီးမပါပါ)

ရေကို ၈ခွက်မှ ၁၀ခွက်အတွင်းသောက်ရပါမယ်။

Day 2

ဒီနေ့တနေ့လုံးကိုတော့ ဟင်းသီးဟင်းရွက်ပဲ စားရပါမယ်။ ကြော်စားတာမျိုးမဟုတ်ဘဲ ဆီမထည့်ပဲ ရေလုံပြုတ်သဘောစားပေးရမှာပါ။ အခြားနည်းလမ်းများနဲ့လည်း အရသာရှိအောင် လုပ်စားနိုင်ပါတယ်။ ဆီမထည့်ရပါ။ ရေ ၈ ခွက်မှ ၁၀ခွက် ကြားသောက်ပေးပါ။

Day 3

ဒီနေ့တော့ သစ်သီးရော ဟင်းသီးဟင်းရွက်ပါ စားသုံးနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်ကို ရေလုံပြုတ်သဘောမျိုးနဲ့ သစ်သီးကိုတော့ နှစိသက်ရာ စားသုံးနိုင်ပါတယ်။ရေ ၈ခွက်မှ ၁၀ခွက်သောက်ပါ။

Day 4

ဒီနေ့အတွက်တော့ ငှက်ပျောသီး (၈)လုံး နဲ့ နို့ပါ။ မနက်စာ ၊နေ့လည်စာ၊ ညစာ စားတိုင်း နို့ ၃ခွက်နဲ့ ငှက်ပျောသီး ၈ လုံးကို မျှတအောင်စားပေးပါ။

ရေကို (၈)ခွက်မှ (၁၀)ကြားသောက်ပါ။

Day 5

ဒီနေ့အတွက်တော့ ခရမ်းချဉ်သီး ၈လုံးနဲ့ ထမင်းပန်ကန်လုံး တစ်လုံးစားလို့ရပါတယ်။ ထမင်းစားပန်းကန်လုံး တလုံးစားပီးရင်တော့ ခရမ်းချဥိသီးပဲ စားရပါမယ်။ ရေကို ၁၂ခွက်မှ ၁၅ခွက်အတွင်း သောက်ရပါမယ်။

Day 6

နေ့လည်စာ ပန်ကန်လုံးတစ်လုံးစာ စားလို့ရပါတယ်။ ကျန်တဲ့အချိန်တွေကိုတော့ အပေါ်မှာပြောပြပေးထားတဲ့နည်းအတိုင်း ဟင်းသီးဟင်းရွက်ပဲစားပေးရပါမယ်။ရေကို ၈ခွက်မှ ၁၀ခွက်ကြားသောက်ပါ။

Day 7

နေ့လည်စာ ထမင်းပန်ကန်လုံးတစ်လုံးနဲ့ ဟင်းသီးဟင်းရွက်အပြင် သစ်သီးရည်ပါ သောက်လို့ရပါတယ်။ ထမင်းပန်ကန်လုံးတစ်လုံးစားပီးရင်တော့ အခြားဆာတဲ့အချိန်တွေမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဖျော်ရည်တွေ သောက်လို့ရပါတယ်။ ရေကို ၈ခွက်မှ ၁၀ခွက်ကြားသောက်ပါ။

ကဲ ဒါဆိုရင်တော့ ၇ရက်လဲပြည့် အသားအရည်လဲ စိုပြည်ကာ လှပနေမယ့်အပြင် အံ့သြလောက်အောင် ဝိတ်ကျနေမှာကို မြင်တွေ့ရမှာပါ။ အများကြီးအကျိုးရှိစေတာမို့ လုပ်ကြည့်လိုက်ပါနော်။

Myanmar Load ပရိသတ်ကြီးအားလုံးပဲ လှနိုင်ကြပါစေရှင့် ။

Source - အလှအပရေးရာ ဗဟုသုတ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။