သရုပ်ဆောင်နန်းစုဦးတစ်ယောက် မြန်မြန်ဆန်ဆန်ပုံစံလေးနဲ့ အရမ်းကိုချစ်စရာကောင်းနေပါ တယ်။ သူမဟာ သရုပ်ဆောင်ပိုင်နိုင်သူတစ်ဦးဖြစ်ပြီး အားပေးချင်ခင်တဲ့ ပရိတ်သတ် အခိုင် အမာ ရရှိထားတဲ့ မင်းသမီးတစ်လက်လဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားခဲ့ပြီး အောင်မြင်တဲ့ မင်းသမီးတစ်လက်အဖြစ် အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေခဲ့တာ အချိန်အတိုင်းအတာ တစ်ခုရှိနေပြီပဲဖြစ်ပါတယ်။ ချစ်စရာကောင်း တဲ့ သူမရဲ့ပြည်ပြည့်ဖောင်းဖောင်း ခန္တာကိုယ်လေးကြောင့် ပရိတ်သတ်တွေက ပိုမိုအချစ်တိုး နေရတဲ့သူလေးတစ်ယောက်ပါပဲ။

သူမရဲ့မြန်မာဆန်ဆန်ဝတ်စုံလေးက တကယ့်ကိုချစ်စရာကောင်းလွန်းပါတယ် ပရိတ်သတ်ကြီး ရေ။ ဗေဒါရောင်ဝမ်းဆက်လေးနဲ့ သူမရဲ့ပုံစံက တကယ်ကိုနန်းဆန်လွန်းနေပါတယ်။ ဆံနွယ် အရှည်တွေကို ခပ်ဖွဖွလေးထုံးထားာပြီး အဖြူရောင်ရင်ဖုံးအင်္ကျ ီလေးပေါ်မှာ ဗေဒါရောင် ကြယ်သီးလေးတွေ တပ်ထားပုံက တစ်မျိုးလေးအမြင်ဆန်းလှပါတယ်။ ဗေဒါရောင်ပြောင်ထမီ လေးကိုဝတ်ဆင်ထားပြီး အဖြူရောင်ခုံထူဖိနပ်လေးနဲ့ သူမရဲ့ပုံစံလေးက ရိုးရိုးလေးနဲ့ ဆွဲဆောင် မှုအပြည့်ရှိနေပါတယ်။

သူမရဲ့ Facebook မှာ မြန်မာဆန်ဆန်လေးပေါ့ဆိုပြီး ဒီလိုချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေ ကို တင်ထားတာပဲဖြစ်ပါတယ်။ မြန်မာမိန်းကလေးတစ်ယောက်ဟာ မြန်မာဆန်ဆန်ဝတ်တဲ့ အချိန်ဟာ အလှဆုံးပါပဲပရိတ်သတ်ကြီးရေ။ နန်းစုဦးရဲ့ မြန်မာဆန်ဆန် မြန်မာဝတ်စုံလေးနဲ့ အလှဆုံးပုံလေးတွေကို ပရိတ်သတ်ကြီးအတွက် မနားတမ်းတင်ဆက်ပေးလိုက်ပါတယ်နော်။

Photo – Nan Su Oo’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။