အဆိုတော်နိုင်းဝမ်းတို့ချစ်သူနှစ်ဦးပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ နိုင်းဝမ်းဟာအခုဆိုရင်ချစ်ရတဲ့ ချစ်သူလေးနဲ့အတူဘဝကိုပျော်ရွှင်ဖြတ်နေသူတစ်ယောက်ပါ။

ချစ်စရာကောင်းပြီး အချောမောလှပတဲ့ချစ်သူလေးကိုပိုင်ဆိုင်ရတာဟာ နိုင်းဝမ်းအတွက်တော့ ဘုရားကပေးတဲ့လက်ဆောင်လိုပါပဲ။အမြဲတမ်းအခွဲမခွာနဲ့ အတူသွားအတူလာတတ်တဲ့ ချစ်သူတွေပါ။အဆိုတော် နိုင်းဝမ်းဟာ Rap သီချင်းတွေနဲ့လူကြိုက်များလာတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။

သူသီဆိုခဲ့တဲ့ နင်သာရှိရင်ဆိုတဲ့ သီချင်းဟာဆိုရင်အခုချိန်ထိကို လူတွေရဲ့ပါးစပ်ဖျားမှာ စွဲနေကြတုန်းပါပဲ။နောက်သီချင်းတစ်ပုဒ်ဖြစ်တဲ့ အရောင်မဆိုးနဲဲ့ ဆိုတဲ့သီချင်းဟာလည်း တစ်နိုင်ငံလုံးကိုထိုးဖောက်သွားတဲ့သီချင်းပါ။သူကိုအားပေးတဲ့ ပရိသတ်တွေအတွက် သူတို့ချစ်သူနှစ်ဦးဓာတ်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

source - nine one

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။