သရုပ်ဆောင်လူမင်းဟာ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးခရီးထွက်နေပါတယ်။သားသား၊မီးမီးလေးတွေ အတွက်အဓိကထားပြီး ခရီးထွက်တာလည်းဖြစ်ပါတယ်။အခုလိုဒီဇင်ဘာအားလပ်ရက်တွေမှာ မိသားစုနဲ့ခရီးထွက်ရတာလည်း ပျော်စရာတစ်ခုပါ။

လူမင်းတို့မိသားစုဟာ ထိုင်းနိုင်ငံဘဏ်ကောက်မြို့တော်ကို ခရီးထွက်ခဲ့တာဖြစ်ပါတယ်။ခရီးထွက်လို့အကောင်းဆုံးမြို့တော်လည်းဖြစ်၊

ကမ္ဘာလှည့်ခရီးသွားတွေ မျက်စိကျတဲ့မြို့တော်လည်းဖြစ်တဲ့ ဘန်ကောက်မြို့ဟာ အမြဲတမ်းစည်ကားနေတဲ့မြို့ပါ။

စျေးဝယ်ထွက်ရင်လည်း အဆင်ပြေပြီး အပမ်းဖြေခရီးထွွက်ရင်လည်း ပျော်စရာတွေနဲ့ပြည့်နှက်နေတဲ့မြို့ပါ။လူမင်းတို့မိသားစုကတော့ နေရာစုံအောင်လည်ပတ်နေပါတယ်။

သားလေး၊သမီးလေးနဲ့အတူ ချောမောလှပတဲ့ဇနီးသည်နဲ့အတူ ခရီးထွက်ရတဲ့လူမင်းအတွက်တော့ ပျော်ရွှင်ကြည်နှုးစရာပါ။

source - လူမင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။